Thursday, July 10, 2014

အမေ့ အိမ်သို့ တမ်း ခြင်း


တစ်ခါတစ်လေ......
  နေမကောင်းဖြစ်တဲ့ အချိန်တွေ...ဆို အဝေး ဆီ က အမေ့ အိမ်လေး ကို လွမ်းတယ် မေမေ...
  မေမေ နေကောင်းရဲ့လား...တစ်ခါတစ်လေ မှ တွေးမိတဲ့ သမီး မိုက်...

ကိုယ် နေမကောင်းချိန်မှ..အမေ့ အိမ်ကို တမ်းတ နေမိတယ်..မေမေ...
ငယ်ငယ် က လို များ အ၀တ်လေး ရေ စွတ်ပြီး သမီးနှဖူးပေါ်လာတင် ပေးမလားလို့..
ကိုယ်ပူ တက်နေတဲ့ အချိန်တွေ...ယောင်ယမ်း... .စမ်း မိ ခဲ့ ပေမယ့်...
သမီး က... အမေ့ အိမ်ရဲ့ အဝေး ဆုံးမှာ ပါ မေမေ....

မေမေ ချက်တဲ့ ထမင်း ၊ ဟင်းတွေ တမ်းတ မွတ်သိပ် မိတဲ့အခါ...
ဘယ် အစားအစာက.. မှ ...သမီး အတွက် မတင်းတိမ် ခဲ့ ပါဘူး မေမေ..
ဇရာအို မေမေ က ရောဂါ ထူတဲ့ သမီး အတွက် စိတ်မချ တဲ့စကားတွေ နဲ့...
ကျန်းမာရေး ဂရုစိုက်ပါလို့ အမြဲ မှာ...တတ် ချိန်မှာ ...သမီး .......ဂရုမပြုမိခဲ့တဲ့အတွက်...ခွင့်လွှတ်ပေးပါမေမေ...

လူကြီး လည်းမဟုတ် ၊ လူငယ်လည်း မကျ တော့တဲ့ အရွယ်တစ်ခု မှာ...
အခုလို အားနည်း ဖျားတဲ့ အချိန်...မေမေ့ ၇င်ခွင်ထဲ က ခလေးလေး လို...
သမီး ယုယ မှု တွေ တမ်းတ မိတယ် မေမေ....

ငယ်ငယ် ကဆို.. မေမေ ဆူတဲ့ အသံ တွေ သမီး မကြား ချင် ခဲ့ ပေမယ့်....
မေမေ့ရဲ့ အဝေးမှာ...လူကြီး တစ်ယောက်လို ဟန်ဆောင် မြိုသိပ် ၊ ဂုဏ်သိက္ခာ
ဆို တဲ့..အတားဆီး တွေ ကြားမှာ...သမီး ကို ခလေးတစ်ယောက်လို အော်ငေါက်
ပါအုံးလား မေမေ..သမီး တစ်ခါလောက် လွတ်လွတ်လပ်လပ် အော် ငို ချင်လို့ပါ ....
.
ဟန်ဆောင်တာတွေ..ထိန်းချူ ပ် ရတာတွေ ...သိက္ခာတွေ ....ဘာဆိုဘာမှမရှိတဲ့
အမေ့ အိမ် လေး ကို..ဒီတစ်ခါ ပြန်ရောက်ရင်....မေမေ့ကို လွမ်းတဲ့ အကြောင်းတွေ
ပြောရင်း...ခလေး လေး လို ချွဲ ပရ စေ မေမေ....ဒီအချိန်ထိ မေမေ့ကို မပြောဖြစ်တဲ့
''သမီး မေမေ့ ကို ချစ်တယ် '' ဆိုတဲ့ စကား ပါ ပြောရင်း.. ပေါ့ မေမေရယ်...။
တောင်ဇလပ်

No comments: