Thursday, July 31, 2014

ပျား ရည် နေ့


 

တမာ လိုခါး...
ဘ၀ များလည်း...
ခါး သထက်ရယ်...
များ ချက်ရယ်ပ....

အဖြေ ရှာမရ...တဲ့ခါ...
လူ့ဘ၀ ဆိုတာ...
မတရားမှု တွေ များ....
တရားမှု တွေ ရှားသလား...
ဟိုး ငယ်ငယ်က...
ဦးနှောက်သေးသေးထဲ ...
အဖြေ များ စွာထည့်...
စဉ်းစား ရကျပ်တဲ့အခါ...
ဘုရားသခင် ကို လည်း...
စိတ်ဆိုး မိတာ အခါ ခါ...
  လောကကြီးကို အရွဲ့ တိုက်ချင် တာ မကြာ ..မကြာ.
..
ရယ်သံအချို့ နေရာမှာ...
ငိုသံ တွေ နဲ့ မိုး ချု ပ်...
မိသားစု တစ်ခုလို့...
တမ်းတမိတဲ့အခါ..

ပြည့်စုံခြင်းတွေ လှောင်ရယ်ပြ.....
အဖေ ရယ် အမေ ရယ်...
တီတာတာ ချွဲ....
အိပ် မက် နိုးတစ်ဝက်...
ညတစ်ချို့...အကြွေ စောလို့...
မိုးသောက်ခဲ့ ရ တဲ့ အခါ...
တမာ တွေ ထက်များ...
ခါး လေ ရော့လား...

နေ့တစ်ချို့က..
ကြက်ဟင်း ခါး ...တစ် မျှ လား....

ဘ၀ တစ်လျှောက်မှာ....
သကြား ..ခပ်သောက် လို့....
ချို မြိန် ခြင်း ကို....
ဖန်တီးယူ တဲ့ အခါ...
သကြား တစ် စက် မှာ...
ခါး ချက် ရယ် ပိုကဲ လေရော့...
ထိသမျှ ခါး....
  တွေ့  သမျှ ခါး...
  ဝေဒနာ တွက် ဆေးခါးကို မြို ချ ရသူ....
သင်ခန်းစာ ....ပွေ့ပိုက်....
လက် တွေ့ သင်တန်း မှာ..

 အောင်လက်မှတ် တံဆိပ် ....
ခါးသီးခြင်း နဲ့ ရိုက်..နိုပ်....
ကြုံရအုံး မယ့်.....ပျားရည်နေ့....
တမာတွေ .... ငို ခြင်း... ချ ...မယ့် တစ်နေ့
....။

တောင်ဇလပ်

No comments: