Thursday, September 11, 2014

စစ်



 

 ကမ္ဘာ ကြီး ငိုကြွေး သံ
သတိ မှ ပြု ပါစ
စစ်မက် တွေ ကြား
အပြစ်မဲ့ အသက် များ
အနှစ် မဲ့ ပျက်စီးသွား
စစ် မီးလျှံကြား
ရတက်မီး ပွေ ရ
သူတို့ တွေ ဘဝ
ခှို လှုံ စရာ ဝေး
နားခို ဖို့အရေး
ဘယ်ဆီ မှာ
ရှာတွေ့ မလဲ
  သောက ပွေ
စစ် တစ်ခု ရဲ့
  မြေစာပင် တွေ

အတ္တ အပြိုင်.. ကျဲ
စစ် သွေး စစ်ရမ္မက်
အပြင်းထန် တပ်မက်
ကျွဲ နှစ်ကောင် ခတ်တဲ့ပွဲ
မဆိုင် သူ အသက်
  ပြိုင် သူ့ လက်နဲ့
မညှာမတာ လုယူရက်တဲ့

စစ်တစ်ခု ရဲ့
ရာဇ၀တ်...
မမြောက်တဲ့ ပွဲ

သူတို့တွေ ရဲ့
မျက်ရည်စက်
ဘယ်သူ့ကို များ
အပြစ်ပုံမလဲ
ငရဲ တစ်မျှ
စစ် မီး
အပြီး သတ်ငြိမ်း ဖို့
မနက်ဖြန် ကို
  မျှော်လင့်
မျက်ရည်ကြားက
ဆုတောင်းသံ များဖြင့်

ရမ္မက်သွေးကြွ
စစ်မီး မြိုက် သမားတစ်ချို့ 
မျ က်စိ စုံ မှိတ်
နားကို ပိတ် လို့
ဘယ်နေရာများ
သွားအိပ်နေလဲ
စစ်တစ်ခုရဲ့
အကျ ည်းတန် မှု

စစ်တစ်ခု ရဲ့
ယုတ်မာမှု မှာ
သူတို့ တွေ
ငို ညည်းသံ ကြား
  အောင်ပွဲများ
ယူ ချင် ပါ ရဲ့လားလေ....။

  
 

No comments: