Thursday, September 11, 2014

ငါ


 
ငါ ဟာ ကျားနာခဲ သလို
မြင်မြင်ရာ
နာကျည်းမှု တွေနဲ့ေ

ခြေ ရာတိုင်းနေမိတယ်
နင့်ကို ငါ
  ကျေးဇူးအရမ်းတင်တယ်
နင့်ကြောင့်
ငါ
သိပ်လှ တဲ့ လူတွေ မြင်ရင်
သိပ်ကြောက်ခဲ့မိတာ
နင့်ကြောင့်
ငါ
ပညာတတ်တွေ မြင်ရင်
အထင်မကြီးချင်တော့တာ
နင့် ကြောင့်
ငါ
အလွှာတွေ ကို
မုန်းနေမိတာ
နင့်ကြောင့်
ငါ
အပြောကောင်းသူတွေ ကို
  ရှောင်ဖယ် နေမိတာ
နင့်ကြောင့်
ငါ

လောကကြီးကိုစိတ်ကုန်မိတာ
နင်သိပ်တော်တယ်
နင့်ကြောင့်
ငါ 

မဆိုင်သူ တွေကို
ကျားနာခဲ တစ်ကောင်လို
ဒဏ်ရာတွေနဲ့
ရန်မူ နေ တတ်တာ
နင်ကျေနပ်လား
ငါ့  ဆီမှာ

နှုးညံ့မှု တွေ
ငါ့ဆီမှာ
ခွင့်လွှတ်မှု တွေ
နင် အကုန်
ဖျက်ဆီးသွားခဲ့တာ
ငါ အခု
အရှိုင်းစိုင်းသတ္တ၀ါ တစ်ကောင်လို
ငါ့ ဆီမှာ
ရန်လိုမူတွေ မင်းမူ နေပြီ
နင့်ကို ငါ ချစ်မိခဲ့ သမျှ
ငါပြန်ပြီးပိုင်ဆိုင်ရတာ
ငါ ဘယ်တော့မှ
မလိုချင်ခဲ့တဲ့
ဘုရားမကြီု က် တဲ့
စရိုက် တွေ နဲ့ ငါ...။

No comments: