Tuesday, September 16, 2014

ကြောင်ပါး လေး




ငါ့ ရှေ့ မှာ
တစ် ယောက်သော သူတွက်
  ဖြူ စင်ချင်နေတဲ့ သူ
ငါး ကြော် ခွက်ကို

သွားရေကျ
  ကြောင်ပါး လေး ပဲလား
နင်က....
ဟား .. ဟား...ဟား...!

သိပ်မထုတ် နဲ့
အက်ရှင်တွေ
အိုက်တင်တွေ
အိုဗာတွေ မိုင်ကုန်တင်း
နင် နဲ့ ငါ နဲ့
တစ်ကယ်တော့
ဘာမျှ မဆိုင် လေ ခြင်း....
  ရေလာလို့ မြောင်းပေး
  ချောင်းရေ ပဲသွယ်သွယ်

မြစ်ရေ ပဲ ဆည်လုပ်
ငါ နဲ့ နင် နဲ့
ဘာမှမဟုတ်

  ကြောင်ပါး လေး လက်သည်း ၀ှက်
မသိသလို ပုံစံနဲ့
ငါ့ ရှေ့မှာ
လာ ရပ်မပြနဲ့
အက်ရှင်တွေ
အကြံဖန်တွေ
ဟိုခေတ်မှာ

ကျန်ခဲ့ပြီ
နင်ချစ်တာ
ငါ မဟုတ်
စိတ်ကြိုက်သာ လုပ်....

Please.....!
ငါ ရှေ့  မှာ
လက်သည်းဝှက်
ငါး ကြော် မကြို က် တဲ့
  ကြောင်သူတော်လေး
လာ.....လုပ်မပြ နဲ့..
..။

No comments: