Thursday, September 11, 2014

ဆန္ဒ တစ်စုံ


 

တစ်စုံတစ်ယောက်နှုတ်ဖျားမှာ
ကျ မ ဟာ သုည ဖြစ်ခဲ့ဖူးပါတယ်
တစ်စုံတစ်ယောက် အကြည့်မှာ
ကျ မ ဟာ အပြစ်ရှိ သူ ဖြစ်
သတ်မှတ် ခံ ခဲ့ဖူးပါတယ်
တစ်စုံတစ်ယောက်ရဲ့
အထင်သေးမှု အောက်မှာ
ကျ မ ရဲ့သိက္ခာ Zero အဆင့်အောက်

ရောက်ခဲ့ ဖူးပါတယ်
ကျ မ မြတ်နိုးမိတဲ့
ကိုယ်ကျင့်တရားကို
တစ်စုံတစ်ယောက်ကြောင့်
တန်ဖိုးမဲ့သူ အဖြစ်
  နှိမ့်ချ စွပ်စွဲ
ကြုံ ရပေါင်း များခဲ့ဖူးပါတယ်

ကျ မ မြတ်နိုးတဲ့အရာ
ကျ မ ပျောက်ဆုံးခဲ့တဲ့အရာ
ကျ မ ပြန်ရှာနေမိတဲ့အရာ
ကျ မ ကိုးကွယ်မိတဲ့အရာ
ထပ်မံဖျက်စီးမှာကြောက်မိတဲ့
သင်ခန်းစာတွေကနေ
ကိုယ့် ဘ၀ ကို ထိန်းမတ်ရင်း

မျှော်လင့်မိ တဲ့
တစ်နေရာမရောက်ခင်
ကျ မ အရှုံး မပေးချင်တဲ့စိတ်
ကျ မ ဘ၀ကို
ရှင်သန်ဖို့ တွက်
အားသစ်တွေ ထပ်ဖြည့်ချိန်မှာ

  အောင်မြင်မှု တစ်ခု
  နေရာတစ်ခု မှာ
ရပ် ကြည့်ချင် သေးတဲ့စိတ်ကူး
ကျ မ ရှုးတယ်ဆိုချင် ဆို
ကျ မ မြတ်နိုးတဲ့ တန်ဖိုးနေရာမှာ
ချ နင်းကျော်ဖြတ်လှမ်း မတက်ချင်သူတွက်
ရိုးသား တဲ့တစ်နေရာ မရောက်ခင်
ကျ မ ကို ဖြူ စင် စွာ
လှမ်းတက်ခွင့် ပြု ပါ....။

No comments: