Thursday, September 11, 2014

နာမ်စား မဲ့ သော ကာရံရှင်

 
ကျ မ ရင်မှာ
  မြေ မြုပ် ထားတဲ့
စကားလုံး တစ်လုံး
ရှိခဲ့တယ်


ကျ မ အတွေးမှာ
ပင်စင်ပေးလိုက်တဲ့
နာမည်တစ်ခု ရှိခဲ့တယ်

ကျ မ နှလုံးသား မှာ
နယ်နှင်ဒဏ်ပေးလိုက်တဲ့
နာမ်စား တစ်ခု ရှိခဲ့တယ်


ကျ မ နှုတ်မှာ
ဘယ်တော့ မှ ဖွင့် မဆိုချင် တဲ့
တင်စား ချက် တစ်ခု ရှိခဲ့တယ်

ကျ မ ဘ၀ကို
ညင်သာစွာ တစ်ချက်အလှမ်း
တနေရာစာ ၀င် ရောက်ပြီးမှ
  သေရာပါ ပညာပေးသွားတဲ့

မြတ်နိုးမှု အဖြေမပါ ပုဒ်စာ ကို
  နှလုံး သွေး စက် လက်နဲ့
အမုန်းတစ်ပုဒ်
  ရေးမှတ်သွား တဲ့ သူ

သူ ဟာ
ကျ မ ကမ္ဘာမှာ
ဘယ်တော့မှ
ထပ်မဖြစ် တော့မယ့်
ကမ်း ပါး မြစ်

ကျောက်ဆောင် ကျောက်သားလို
ရေ တိုက်စား
ပဲ့ကြွေ လွင့်ပါး ကျန်တဲ့
အချစ် တိုက်စား
  နှလုံးသား အသစ် မဖြစ်နိုင် ခဲ့

ကမ္ဘာ မကျေ
အမုန်း လှိုင်း
တရိပ်ရိပ် တက်
တစ်ခါ က

မြတ်နိုးမှု
ကမ္မည်း တင်

နှလုံးသား ထက်
(     ) ဆိုသော
နာမ်စား မဲ့
ကာရံ ရှင်
တစ်ယောက် တွက်....။

No comments: