Tuesday, September 16, 2014

ချာတိတ် သို့





ချာတိတ်ရယ်
အရွယ်ငယ်ငယ်
အချစ် ဆိုတာ
စမ်းသပ်ချင်တဲ့ အရွယ်

မသိသလိုသဘောထား
အချစ်ဆိုတာ
အပြော သဘောတရား မဟုတ်တယ်

အရွယ်ငယ်ငယ်
စိတ်ရိုင်း
ထိန်းမတ်မထားရင်
  နှလုံးသား ဂျွ န်း ပစ်
မင်း ဘ၀ နစ်မှာ
တိုးတက်မယ့်ဘဝ
အရိပ် အမှန်ကျ မယ်
စိုးရိမ်စိတ်ထား
အရိုးခံ သဘောတရားနဲ့
မင်းဘ၀ တက်လမ်း
အချစ် တွက်
စခန်း မချ ဖို့

ဘ၀ တစ်ဖက်ကမ်း မှာ
ချာတိတ် လေးဘဝ
သာယာ ဖို့မှန်းဆ
ဘ၀ ဆိုတာ
ဂိမ်း သဘောတရားမဟုတ်တယ်

Try again လုပ်ခွင့်မရှိတဲ့
အခွင့်ရေး တွေမှာ
တက်လမ်း တစ်ခု တွက်
အချ စ်ကို အရင်းပြု မိရင်
မင်းဘ၀ မိုင်းနပ်စ် ပြမယ်
လွတ်လပ်စွာပျံ သန်း
မင်း ဘ၀ တက်လမ်းမှာ

အောင်ပွဲတွေ ဆွတ်ယူလှမ်းဖို့
  မျှော်လင့် ရင်း ဆန္ဒပြု
အချစ် ကို မှ
ကိုးကွယ် ချင် တဲ့အရွယ်....။

No comments: