Tuesday, September 16, 2014

ဆိုတာ





ငါ့ ကဗျာ တွေ
မဟောင်းသေးဘူး ချစ်သူ
ငါ့ အပြုံးတွေ
နင်သုံးမယ်ဆို
သစ်လွင် တုန်း မို့
ခံစားချက် တစ်ချို့
နင် မသိ အောင်သိုဝှက်လို့
အတိတ်ရပ်ဝန်းမှာ
ခပ်မဆိတ်လေး နေ, နေတယ်
နင့်ကို ချစ်ဖို့ အတွက်
သူ့ကို ပြု ပြင်ယူ နေတယ် ပေါ့...
နင်နဲ့ငါ့ကြား မှာ
အချစ် များများ ရှိဖို့
ငါ လေ
အတိတ်ခါးခါးတွေကို
စိတ်နာ စွာနဲ့ ထုပ်ပိုး
အမုန်းတွေပါ
အကုန်
စွန့်ပစ် ထားတယ်
တစ်ခါတစ်ရံမှာ
ရင်နာစရာ ရောယှက်ပါရင်
နင်နဲ့ ငါ့ကြား
အတိတ်အမှား မပါဖို့

သုံးသပ် ဖို့လို မယ် ..
အချစ်နဲ့ ဘဝ
ထပ်တူကျ တဲ့နေရာ
အတူ သွားဖို့ ဆိုရင်
နားလည်မှု သဘောတွေကို
  နောကြေ ဖို့
သင်ခန်းစာ
အဟောင်းတွေကို
အတုယူ မမှား အောင်
ငါ့ ကိုယ်ငါ
ဆုံးမရင်း
နင့် အတွက်
အသုံးကျ တဲ့သူ
  ဖြစ် ချင် မိတယ် ဆိုတာ.....။

No comments: