Thursday, September 11, 2014

သို့ မောင်လေး

 

မောင်လေးရေ
  လောက ကြီးမှာ
အမြင်အသစ်ဆန်း ပေါ လို့
ထင်သလို မဖြစ် စမ်း နဲ့နော်

  ခေတ်တစ်ခု ရဲ့
လွှဲမှားမူ မှာ
အတုယူ မှားမှာ စိုးတယ်
စိတ် အလိုလိုက် မှား
ပျက် စရာ အလွန် များတဲ့ခေတ်မှာ
အတွေး တစ်ချက် မှားရင်
ဘ၀ တစ်သက် ဖျက်မရတဲ့အမှားဖြစ်မယ်

ဘာကြောင့် ၊အဘယ်ကြောင့်

ခေါင်းစဉ်တပ်လို့
မူးယစ် ပျော်ပါး
စိတ် အဖြေ ရှာ မိရင်
ပျက်စီးခြင်း နဲ့ မိတ်ဖွဲ့ မှား
ဘ၀ တက်လမ်း မှာ
ဒုက္ခများမယ်
တဒင်္ဂ အတွက်

ကျေ နပ်သွားပေမယ့်
ရေရှည် ဘ၀ တွက်
နှုတ်ရခက်တဲ့
ဆူးတစ်ချောင်းမို့

အတွေးတစ်ချက်မူ
သတိ အမြဲ ကူ လို့
တိုးတက်ခြင်း

ရေစီးချောင်းမှာ
ဥာဏ် ၊ သတိနဲ့
ရွက်ကုန် လွှင့်လို့
ဘ၀ လှေငယ်
မတိမ်းစောင်း အောင်
ဆင်ခြင် စိတ်နဲ့ ပဲ့ ကိုင် ထိန်း ရင်း
လူချွန် လူ ကောင်း
  ဖြစ် စေ ကြောင်းနဲ့
ဆန္ဒမွန် တစ် ခု
စာ စု ပြု လို့

စေတနာ နဲ့ 
ရေး လိုက် ပါ တယ်...။

No comments: