Tuesday, September 30, 2014

ကဗျာ အိပ်သော နေ့



ကဗျာ မခြွေ
စာ မနေ သော
ပျင်းတွဲတွဲ နေ့

ဘယ်မှာ မှေး အိပ်

ကဗျာ တစ်ပိုဒ်
စာ မနှို က်
ရင် မ အိုက် သော နေ့

ကလောင် မသွေး
စာ မနွေး
ကဗျာ မဲ့ သော နေ့
ကာရံ ပျောက် သော နေ့
စကားလုံး များ ပုန်းအိပ်

တစ်ရက်ပြီး တစ်နေ့
အမြန် ဆုံး ရင်
ကဗျာ တစ်ပုဒ်
ဖွင့်မယ့် စိတ်
မိုးမလင်း ခင်
ဒီတစ်ည
လွတ်လပ် စွာ
  မှေးစက် ကာ အိပ်.....။

No comments: