Tuesday, September 16, 2014

အတိတ်ရဲ့ အရိပ်



အတိတ်တံခါး ကို
ခဏ ဖွင့် လိုက်တာ
ဟူး...!
ကိုယ် ...

သိပ်မောသွားတယ်

  မေ့ ဖို့ ကြိုးစား မိမှ
အတိတ်ကို ပြန်ဆွ မိ နေသလား
ကိုယ့် ကိုယ်မှ
မသနားသူရယ်
ရင်နှစ်လွှာကွဲ ကြေ ဖို့
ကိုယ် တစ်ခါ ပြန်မချစ်ပရစေနဲ့

အတိတ် တံခါး တစ်ချပ်
ကိုယ် ဖွင့်လှစ်မိတာ
အသိပေးသလိုဖြစ်ခဲ့မိတယ်
  အော်....!
 

 

အချစ် ဆိုလား
ချစ်ဖူး သူ က
မသိ ဘူး သလိုများ
ဟန်ဆောင်ချစ် ရ မှာလား ကွယ်

ဒီတစ်ခါ
အချစ် မှာ
ကိုယ် ဟာ သေဆုံး သွားဖို့
ရာနှုန်း ပိုများ တယ် ...

အမှတ်မရှိ သော တစ်နေရာမှာ
ထပ်တစ်ခါ ရပ် ချင်ရင်

နောက်တစ်ခါ
အတိတ် တံခါး ကို
ခပ် မြန်မြန် ဆွဲဖွင့်ကြည့် မှ
အချစ် က လှောင်ရယ်ပြ ရင်
တစ်ခါ ချစ်နိုင်မှာလား
တစ်ခါ ချစ် ကြည့် ရ အုံးမှာလား
ကိုယ်.... ကြောက်မိတယ်
တစ်ကယ်....။

No comments: