Tuesday, September 16, 2014

လအကွေး မှာ နွေးမယ့် ည


 
ည အအေး
ကိုယ် အနွေး
ခဏ ထွေး တဲ့
လ အကွေးရယ်

မိုးတိမ် ကြားမှာ
ပုန်းခိုဆော့ကစား
အခုဘယ်မှာ
အိပ်နေလဲကွယ်
ဖျား သူ အအိပ်
မိုး မမှိတ်ခင်
လ ရောင်ရှေ့ပြေး
ခပ်ကွေးကွေး
ခုဏ ခဏ
ကိုယ်ထင်ပြ သလို

မိုးတိမ် ပြတင်း
တွန်းဖွင့် ထွန်းညှိ
မပီပြင် အလှ
မိုး တစ်ည မှာ
လ အလင်းမှိန်
ညအလင်းအိမ် ကို
ခဏ အတွင်း 

ဆောင်ယူ လို့
အဖျား ငွေ့ငွေ့
လ အတွေ့ မှာ
အိပ်စက် ဖို့ အရေး
လ ရောင် နွေးနွေး
ခုန်ဆင်း ပေး ပါ
ဒီ တစ်ညတာ...။

No comments: