Tuesday, September 16, 2014

တစ်




တစ်ခွန်းထဲ စကား
တစ်ခွန်း ထဲ ကြား
တစ်ယောက်ထဲ ပြောမယ်
သိပ်ချစ်တယ်

တစ်ယောက်ထဲ အနား
တစ်ယောက် ပဲ နား
တစ်ယောက် စကားပဲ
ကြားချင်တယ်
တစ်ခါ ထဲ ပြော
တစ်ခါ သဘော
တစ်ယောက်ထဲပဲ
ချစ်ဖို့ရွယ်

တစ် ယောက်ရင်ခွင်
တစ်ယောက် ကြင်
တစ်ယောက် သူတွက်
သိမ်းထားမယ်
တစ်ခါ တစ်ခေါက်
တစ်ခါ ရောက်
တစ် ခါ လောက်ပဲ
ချစ် ရ ကွယ်
တစ်ခါ အနမ်း
တစ်ခါ လွမ်း
တစ်ခါ ပြုံးစမ်း
ချစ် သူ..... ငယ်....။

No comments: