Thursday, September 11, 2014

တစ်ကယ်လို့ များ


 
မျှော်လင့်ချက်မှာ
ရင်နင့်ရမယ့်အဖြစ်တွေ
  ရောယှက်ပါရင်
ကိုယ်... ဒီတစ်နေ့ ပဲလွမ်းမယ်

တည်ငြိမ်ဖို့ ကြိုးစား ရမယ့်အစား
ဒီရင် က ထွက် သွားတာ ပိုကောင်းမယ်
စိတ် က အမိန့်
ကိုယ့် ရင် ဖြေသိမ့်ရအောင်
အပိုချစ်ခဲ့တာ မှမဟုတ်တာ
နားလည်မှု
စာနာမှု
ကြင်နာမှု မှာ
မရေရာမှု တစ်ခု ကို
အတိုက်ခံ ပြု ဖို့
မင်း မို့ ထည့်တွက်ရက်တယ်

ဘ၀ တစ်ခု ကို
စ, နောက်စရာပြု
ဟာ သ တစ်ခုလို
  ပြက် လုံး ခါးခါးတွေ ကို
တစ်ဘ၀ စာ ထည့်တွက်လို့

ရော ယှက် မ ပြက်လိုက်ပါနဲ့
ဟာသ ဇာတ်ခုံ
ဘ၀ တစ်စုံ ပျော်ဖို့
ကိုယ့် နှလုံးသားကို
အသုံးတော်ခံ
ဇာတ်ညွှန်းတစ်ပုဒ် အဖြစ်
လူတကာ ဟားတိုက် စေဖို့

ရယ်မော ခွင့်ပြု ရင်
ဇာတ်နာစရာလို
သတ်မှတ်စရာမလိုအောင်
ကိုယ့်ဆီမှာ
ဘ၀နာစရာ ဇာတ်ထုတ်အဖြစ်
ကိုယ်တစ်သက် သိမ်းထုပ် သွားရင်
ကတ္တီပါ လမ်းခွဲ
တစ်သက် မလွမ်းပဲ နေ ဖို့
  မျှော်လင့်ချက် ကို
ကိုယ်... အခုပဲ
ရိုက်ချိုး လိုက် မယ်
မင်း ..လိုမယ် ဆို ပေါ့....။

No comments: