Thursday, September 11, 2014

သိမ်း ရက်သူ

 


မမေ့တစ်ခဏ
လွမ်းတ သ လည်း
သူ က ပစ်စိမ်း

ရှောင်ခွာ ယိမ်း သော်
ကိုယ် သာ မှား မိ
အပြစ် ရှိ သူ
မတွေ့မမြင်
သံ ယောဇဉ်ဖြစ်

နွယ်တစ်ငင် လား
ရစ်ပတ်ထား သော်
သူ က ပြတ်သား
ကိုယ့် အမှား မို့
အပြစ် ရှိ သူ
သိမ်း ဆည်း သိုဝှက်
စိမ်းခြင်း တစ်ဖက် မှာ

မာန ရှင် မှတ်ယူ မှား
နားလည်မူ ခြားပါ စေ

ဖြေရှာ မလိုတဲ့
ရင် မှာ အဖြူ မို့

နှစ်ဦး သိ တဲ့ အဖြစ်
တစ်ဦးတည်း
ကျန် ရစ် ပစေ
မမေ့ သော်ရှိ
မမုန်း သော သတိရဖို့
အဖြူ ရောင် စည်းတစ်ဖက် ကမ်း က
အရင်လို ဖေးကူ မမယ့်

သူငယ်ချင်း ရယ်
သိမ်း ထား ရက် လေ တယ်
သိမ်း ထား မှာ လား ကွယ်....။

No comments: