Thursday, September 11, 2014

သူရဲကောင်း ဖေဖေ



 

 ဖေဖေ ပြောတဲ့
အိပ်ယာဝင်ပုံပြင်
နားထောင်ရင်းအိပ်စက်
ချင်း တောင်တန်း မှ

အငွေ့သက်တွေနဲ့


အမဲလည် ရင်း
  တွေ့ကြုံ သမျှ
ပုံပြင်ဖြစ် သွားရပုံ
အတွေးထဲ မှာ ရှိ ခဲ့တဲ့
ကျ မ ဖေဖေဟာ
အမဲလိုက် မုဆိုး တစ်ယောက်


ရုံး က အပြန်
ဂီတာ ဆွဲ
  ဖေဖေ့ တေးသံချို ချို ထဲ
နံဘေး နား ...ထိုင် နားဆင်
နားဝင် ပီယံ တေးသံ စဉ်
အတွေးထဲ မှာ ရှိ ခဲ့တဲ့
ကျ မ ဖေဖေ ဟာ
အဆို ကောင်းသူတစ်ယောက်


အားလပ်ချိန်
ပုံဖော်ရေးဆွဲ

ဖေဖေ့ ပန်းချီကားတွေ ထဲ
  ငေးမောရင်း ကြည့်မ၀ ခဲ့
အတွေးထဲ မှာ ရှိ ခဲ့ တဲ့

ကျ မ ဖေဖေ ဟာ
ပန်းချီ ဆရာ တစ်ယောက်


  ဖေဖေ ရေးစပ် သီချင်း တစ်ချို့နဲ့
ဘုရားကျောင်းတက်
သီဆို နေတတ်တဲ့
အတွေးထဲ မှာ ရှိ ခဲ့ တဲ့
ကျ မ ဖေဖေ ဟာ
  တေးရေးဆရာ တစ်ယောက်

   ဖေဖေ ရေးဖွဲ့ ကဗျာ တစ်ချို့ နဲ့
ကိုယ်တိုင်ရေးဆွဲပန်းချီ ရောယှက်
နံရံမှာ ချိတ် ဆွဲ ထားဖူးတဲ့
အတွေးထဲမှာ ရှိ ခဲ့ တဲ့
ကျ မ ဖေဖေ ဟာ
ကဗျာ ချစ်သူ တစ်ယောက်


သတ္တိ နေရာ သူမတူ 

နှုးညံ့ ခြင်း နဲ့ တန်ဆာဆင်သူ
ရှင်သန် ခြင်းနေ့ရက်များကြား

မေတ္တာ တရား နဲ့ လမ်းပြ
အတွေးထဲ မှာ ရှိခဲ့ တဲ့
သူရဲ ကောင်း ဖေဖေ တွက်
ကျ မ အစဉ် မြဲ ...

လေးစား ဂုဏ်ယူ လျက်...။ 

No comments: