Friday, September 19, 2014

နင် မရှိသော



နာကျင် မှု က
  ပြန်ထ ချိန် မှာ
ဒဏ်ရာတစ်ခုတော့
ကျ န် ရစ် ခဲ့ ပါတယ်
ဒါကို မှ
နာသလား မေးရင်
အဟုတ်တစ်ကယ်
  သေ မတတ် လောက်ပါပဲ
အချိန် ရယ် တစ်ကာလ
  ဝေ ဒ နာ
လွန် ပြန် မှ ရယ်
အသေခြာ 

ပြန်စစ်မှ
လူ့မနော ကို
စစ်ကြော မသိတဲ့ အရွယ်

အချိန် ရယ်
သွန်သင်မှ
လဲရာက
  ပြန်ထ နိုင်ခဲ့တယ်

တော်ပါပြီ
ဒီ စိတ် ဟိုင်း
ရာဇ၀င် ရိုင်းမှာ
ချ ည် ကာ ထား မယ်

ငါ ဟာလေ
ငါ ပါ ပဲ
နင် မပါ ပဲ 

အသက်ရှင် ပြမယ်
နင် ပေးတဲ့
ဒဏ်ရာ နဲ့
နင့် ကို ငါ
  ကျေးဇူး ပြန်ဆပ်မယ်

နင်တစ်နေ့
ငါ့  စိတ်နဲ့
ဒဏ် ရာ မဖြစ်ဖို့
ကြို ဆုတောင်း ပေးမယ်

နောင်တ မရှိတဲ့
ရင်ခွင် တွက်
နင် အခု
  ပျော် နေ ပါ သေးတယ်

နင် ပျော်ဖို့
ငါ အခု
ဒဏ်ရာတွေ

ဆေးသိပ် ထားတယ်
ထပ် သုံးဖို့
ထပ် ပြုံးဖို့
ထပ် တစ် ခါ တွက်
နင် ဟာ ငါ့ ရဲ့
အတိတ် ဆီ မှာ ပဲ
အိပ် ပျော် ကာ
  နေ သင့် ပါ တယ်.....။

2 comments:

မဒမ်ကိုး said...

တခါတလေတော့လဲထားခဲ့သင့်တာတွေဟာအတိတ်မှာနေစေခဲ့တာဘဲကောင်းပါတယ်

Unknown said...

thanks