Thursday, September 11, 2014

သူငယ်ချင်း အချစ်ဆုံး





 


အမှတ်တမဲ့နဲ့
လွမ်းတတ်ပြီ ကောရယ်
မသိလိုက်ပဲ နဲ့
တမ်းတ ပြီ လား ကွယ်

ခဏ တာ လေး နဲ့
  မေ့ မရ ပြီ ပြော တယ်

တမင်တကာ
ရည်ရွယ် ကာ နှော
သူ့သဘော ရယ်
စစ်ကြော သိပေမယ့် ကွယ်
ဘယ် ၀ယ် သို့
ဘယ် လို ရှိ မယ်
  မေ.. ဘယ်သို့
  မေး ရ ပါ့မယ်
ခက် ပါကော
လွမ်း တတ် သော သူရယ်

ချော့တစ်ခါ
ခြောက်တစ်လှည့်
စိမ်း သလို
ယိမ်းသလို
တစိမ်း တွေ လို
ဟန်ပေါင်းစုံ သုံးတယ်
  မေ ...ဘယ်လို
အဖြေ ရှာ ပြောရမယ်

တစ်ခါတစ်လေ

 ယောင် ကာ ယမ်း
မျှော်ကာ သာ
တိတ်တခိုး
ဆိုမိတယ်
သူရည်ရွယ်
   မေ့ ကို ဆိုမယ့်ကွယ်
တစ်ကယ်ဆို
အိမ်မက်သဘောသာရယ်
ခဏ တာပဲ
ချစ် ပါ နဲ့လားရယ်

မေ ...စိုးထိတ်
မသိ သလို နေ ပါ့မယ်

ရှောင် ခွာ ပြေး
ထွက်မသွားပါနဲ့ ကွယ်
အဖြူ ရောင် အချစ်
ဒီထက် ပိုကဲ မယ့်
သူငယ်ချင်း အချစ်
အချစ် ဆုံး
သူငယ်ချင်း အဖြစ်
  မေ့... အနား
အမြဲ...
  နေ ပေးပါ လားကွယ်..။

No comments: