Friday, September 19, 2014

ပါဝါ ချိန်း မယ့် အကြည့်


 

ငါ့ ကို နင်
မတွေ့ချင်ရင်နေပါ
ငါ့ အတွက် နင်
မဖြစ်ချင် ရင် နေပါ

ငါ့ကို နင်
မပြောချင် ရင် နေပါ
ငါ့ အနား နင်
မရှိချင် ရင် နေပါ

ငါ့ နှလုံးသား မှာ
နင့် အတွက်
အပိုနေရာ မရှိသလို
ငါ့ အကြည့်ထဲ မှာ
နင့် ပုံရိပ်တွေ
ကင်းမဲ့ နေပါပြီ
ငါ့ အသိထဲ မှာ လည်း
နင် ဟာ ဖြစ်တည်ခြင်း မရှိ ခဲ့သလို

ငါ့ အနား မှာ
ရှိခဲ့ ဖူး မှန်း
ပုံရိပ် သဏ္ဍာန်တစ်ခုမှ
ထင် ကျ န် ခြင်း မရှိခဲ့တာ ပါ
ရှုးသွပ်ခြင်းတစ်ခုမှာ
လက်ညိုးညွှန်လို့
ငါ့ ကို မှ
မျက်ကန်းသူဖြစ်
ကင်ပွန်းတပ်မယ်ဆိုလည်း
အမြင်ချို့ ယွင်းမှု ကြောင့်

အကြည့်တွေ
ပါဝါ မစစ် တာဖြစ်မယ်

ဒီဂရီ တိုးဖို့ များ
မင်းလို အချစ်မျိုးကို
မျက်စဉ်း ခပ်ယုံ
တစ်ခဏ
ကြည် ခဲ့မိတာ

တစ်ကယ်ဆို
ပါ ၀ါ များများ
အချစ် ပါးပါး
အကြည့်အားကောင်းဖို့
အာရုံကို စမ်းသပ်
အချစ် တွေ အပေါ်ယံသပ်
ပါဝါ မျက်မှန်
ခပ် မြန်မြန်တပ်

နင် မရှိ
အချစ် မရှိ
နင် သိ သလို
ငါ သိ ဖို့
အမြင်တွေ ကို
ပင်စင်ပေး
ပါဝါ ချိန်း မယ့်
အကြည့် စိမ်း
တစ် ချို့  နေရာ.။

No comments: