Thursday, September 11, 2014

ခေတ်


 

 အခွင့်ရေးဆိုတာ
ထိုက်တန်သူ တွက်
အဆင်တန်ဆာ
အရှက်တရားဆိုတာ
သိက္ခာရှိသူတွက်
အဆင်တန်ဆာ
တန်ဖိုးဆိုတာ
ထိန်းသိမ်းတတ်သူတွက်
အဆင်တန်ဆာ
တန်ဖိုးကိုချ နင်း
အရှက်သိက္ခာကို
  ဈေး ဖြတ် သတ်မှတ်
အခွင့်ရေးကို
အဆမတန် ယူငင်
စရိုက်တွေ
ယိုယွင်း
ထိန်းသိမ်းခြင်းကင်း မှ
လူတကာကိုလွှဲချ
လက်ညိုးထိုး ပြ
ဘယ်သူ မပြု
မိမိမူ
ဆင်ခြင်မှု ကင်း ကြ
တိုးတက်မှု တစ်ခုမှာ
နာမည်တစ်ခု
  နေရာတစ်ခုတွက်
အရှက်တရား ကို

မြောင်းထဲပစ်ချ ထားတာ
နာမည် ခြ စားလည်း
  ကျော်ကြား ရင် ရတာပဲလား...

ခေတ်ကိုလက်ညိုးထိုး
  ဖြတ်လမ်းနည်းနဲ့
အမြင့်ရောက်ချင် ကြတဲ့
လူ မပီသ တဲ့ လူတစ်ချို့  ကြောင့်
လုပ်သူ မရှက်

မြင်သူ ရှက်ရတဲ့ခေတ်
  အော်...နည်းပညာခေတ်မှာ
လူ တစ်ချို့ 
တိရ စ္ဆာန် ဘ၀ ရောက်သွားတာ

နောင်လာမယ့် မျိုးဆက်
ရင် လေး ရချ ည်ရဲ့
တိုးတက်ခြင်း = ဆုတ်ယုတ်ခြင်း
ညီ မျှ တဲ့ ခေတ်
ဘာတွေ များ ဆက်ဖြစ်မလဲ
စဉ်းစား ရ ခက် လိုက် လေ ခြင်း...။

No comments: