Tuesday, September 16, 2014

ကဗျာ အဝေး



 ကဗျာ အဝေး
ခဏလေး
ထွက်ပြေးကာမှ

  မေ့မရ

စီကာပတ်ကုံး
ရီကာ ထုံး
ကဗျာ ကုံးလေး
မဲ့ နေပြီ

ဖွဲ့နွဲ့ရစ်သီ
ကိုယ့် ရင်ဆီ
အပြန်ပြန်ကျော့
အခါခါ ပေါ့
ကိုယ် ပြန်လာတော့
  ပြုံးဝေ ရီ...


မမောမပန်း
ဖွင့် စေ မြန်း
ကဗျာ နန်းလေး
ထုံဝေ စီ


မသုံး မ သီ
ပစ်ပယ် ရင်

နှုတ်ခြွေ ခွန်းဆင့်
ဖွင့် ဟ... ထိတ်
ကဗျာ ကုံးလေး
ပျက်ကြွေ သုဉ်း မည်.
..။

No comments: