Tuesday, September 16, 2014

ဟန်




ဟန် များသောလောက
ဟန် ဖုံးသော အလှ
ဟန် သုံး သော စကား
ဟန် အပြုံးများ နဲ့

ဟန် တွေ နှောလို့
  လော က ကို ကစားသွားတာ
သူတို့ က အမြင့် တစ်နေရာ
သူတို့က လူ မြင်သာ တဲ့ နေရာ
သူတို့ က လူ တွေ ပါးစပ်ဖျားမှာ
သူတို့က လက်ခုပ်သံ များစွာ

  ဟော .....!
  ပြောရင်းနဲ့
  ကြွေ ကျ ကုန်တာလား
  ပျောက်ဆုံးကုန်တာလား
တိုက်စားခံ ရတာလား
ထွက်ပြေးသွားတာ လား
ရိုးသား ခြင်း ဒြပ် ၀တ္ထု တစ်ခု
မမြင်သာ တဲ့ တစ်နေရာ
ငုပ်တုတ်ထိုင်ရင်း မေ့
ဘယ်မှာတွေ့မယ်

ဟူး......!
.ရှာဖွေရင်း....ရင်မော...
ကိုယ်ပါ မျော ပါ
  ဒြပ်ဝတ္ထု အဖြစ်....
  မြင်သာခြင်း...
ထင်ဟတ်ခြင်း

လှပခြင်း
တင့်တယ်ခြင်း
အားပေးခြင်း
ဘာမျှ မရှိသော
ရိုးသားခြင်း ထဲ မှာ.....။

No comments: