ဝေဒနာ
တစ်ခဏ သာပေမယ့်
နာကျင်စွာ
ကြိတ် မြို သိပ်လည်း
ခံနိုင်ရည်
တစ်ကယ်မရှိတယ်
မနေနိုင်
ဟစ်ကာကြွေးတော့
တစ်ခါတစ်ရံ
ပီဘိ ခလေးငယ် လို ပေါ့
လူရယ် ခဏ
ဖြစ်လာရ
ဘုံဘ၀ မှာ
ငိုခြင်းခဏ
မွေး ခြင်း အစ
တစ်ဖန်
နာရ
ဒုက္ခ သည် သာ
အမှည့် တစ်ဝင်းဝင်း
အကင်း တစ်ဖြုတ်ဖြုတ်
သေခြင်းတရားရဲ့
မျက်နှာသာ မပေးပုံ များ
ကြုံ ရ ကြ လူ့ ဘ၀မှာ
အို ၊ နာ ၊ သေ ခြင်း
အနိစ္စ သဘော ရယ်က
ကိုယ် လည်း ပဲ ကြုံ တွေ့ရ ပြီ
အော်...နာခြင်း ဒုက္ခ
အဆုံး သတ်တစ်နေ့ မှာ
ဘယ်ပုံနဲ့ နိဂုဏ်းချု ပ် မယ်
ဆင်ခြင် မိ တစ်ခဏ
မတည်မြဲ ခြင်းတရားတွေပေါ်မှာ
လူးကာ သာလှိမ့်တလှည့်
မနက်ဖြန် ရယ်
တစ်ရွေ့ရွေ့ ကုန်သွား
အနိစ္စ ၊ ဒုက္ခ
အန တ္တ...။
No comments:
Post a Comment