Thursday, February 12, 2015

ပြည်ထောင်စု နေ့



 တိုင်းရင်းသားတွေ
သွေးမစည်းကြသရွှေ့
ပြည်ထောင်စုနေ့
လှပနိင်ပါ့မလား
တိုင်းရင်းသားတွေ
မငြိမ်းချမ်းသေးသရွေ့
ပြည်ထောင်စုနေ့
အဓိပ္ပါယ်ရှိပါ့မလား
ကချင်၊ကယား
ကရင်၊ချင်း
သွေးစည်းမှုနဲ့
ရှိစေချင်တယ်
ဗမာ၊ မွန်
ရခိုင် ၊ ရှမ်း
စည်းလုံးမှုနဲ့
ပျော်စေချင်တယ်
ငါ့တို့ဒီမြေ
ငါ့တို့ရေမှာ
ဟန်ဆောင်အပြုံးတွေ
မလိုအမုန်းတွေ
စွန့်ဖယ်ခွာလို့
ငြိမ်းချမ်းခြင်းအစစ်
အပြုံးများအတိ
နှလုံးသားတွေတူညီမှုရှိမယ့်တစ်နေ့

ပြည်ထောင်စုနေ့
ညီညာစုမယ့်နေ့
သွေးချင်းတွေရဲ့တွဲလက်
အမှန်တစ်ကယ်ခိုင်မြဲ မယ့်တစ်နေ့
တစ်ချိန်မှာ ရဖို့
မျှော်ကာဆန္ဒတစ်ခု
ပြည်ထောင်စုကြီး ငြိမ်းချမ်း နိုင်ပါစေ...။
 

No comments: