Tuesday, February 10, 2015

ဒီ လူ



မုန်းစရာကောင်းတဲ့ဒီလူ
ငါ့အချစ်တွေယူပြီးမှ
အခြားတစ်ယောက်နဲ့ သူကြူ
ဖြစ်စရာရှားသလား
အချစ်ဆိုလာ, နားထား
နောက်တစ်ခါ လာဖောမပြနဲ့
မယုံရေးချ မယုံ
အသစ်မြင်မှ
အဟောင်းတစ်ခါပြောင်းချစ်မယ့်
နင့်သဘောကိုက
ဆရာကြီး လို
တစ်ကယ့်တစ်ကယ်က
လေ ထန်ကုန်း
တော်သင့်နှုန်းနဲ့
ပြေးလှိမ့် ဖို့လို
အထာတွေပေး
နှစ်ခါမနှေး
ငါ့လိုင...အ.. လေးပဲ
ပြောသမျှ ယုံ
တော်ပါပြီ
တော်ကီအလွန်ပွား
ဂေါ်လီ လူစား
မြောင်းထဲပစ်ချ ထားသင့်သူ
အထာပေးသမျှ

ဆရာလေးမက
ကြုံသမျှ
ပိုးမယ့် လူ
ငါ့အချစ်တွေ
ယုံတမ်းကစား
ပုံပြောသွားတဲ့လူ
ညာရွှီးပြသမျှ
ယုံမိ ပါ့
နင့်စက်ကွင်းက
အမြန်ရုန်းထွက်
တစ်ခါသုံးမဖြစ်ချင်တဲ့သူ....။

 

No comments: