Tuesday, February 10, 2015

နင့် ရဲ့ ငါ



ဝဋ်ရှိသူရဲ့အသည်း
အချစ်မရှိသူ လက်ထဲ
ခြေမွ ဖျက်စီး
ကြေမွ ပေမယ့်လည်း
အနေမခက်တဲ့
နှလုံးသားတစ်စုံနဲ့
ပြုံးပြနိုင်ဖို့
ကြိုးစားခဲ့ပါတယ်
အဆမတန်အသည်းစကား
လင်္ကာမြောက်တေးသွားနဲ့
ကိုယ့်အနားမှာရစ်ဖွဲ့
သီကုံးဟစ်ခဲ့ဖူးတဲ့ တစ်ခါ
မာယာရှင် သုံးစကား
ဓားသွားထက်က
အပြုံးစကားဆိုတာ
နှလုံးသားနဲ့ရင်းမှ
အမုန်းတရား ဆိုတဲ့
ရလဒ်တွေ ပါလား
ဝဋ်ကြွေးတွေတန်ပြန်လာ
နင်မခံနိုင်မှာသိရက်နဲ့
တမင်တကာဆုတောင်း
အချစ်ကြွေးတွေပြန်မတောင်းချင်တဲ့ ငါ
ရင်ခွင်ဟင်းလင်းပြင်တစ်နေရာမှာ
နင်နေသာ ဖို့သာ
ဆုတောင်းပေး နေမယ့်...ငါ. ..ပါ....။


No comments: