အသက်မ၇ွယ်
ဘ၀မငယ်တော့ပေမယ့်
အလှပ ကိုခုံမင်မိသေးတဲ့
မ, ဆိုတဲ့သဘာဝပဲဖြစ်မယ်
အရွယ်လွန်အဆင်မရိုင်းပေမယ့်
မော်ဒယ်အသစ်ဆန်းတွေနဲ့
မယုတ်မလွန်
အသွင်ဒီဇိုင်းတွေ ထည့်
ခေတ်ကိုအမှီလိုက်ချင်သေးတယ်
လူငယ်လို
စိတ်ကိုတွေးပေမယ့်
တစ်ခါတစ်ခါ
နောက်ပြန်ဆွဲချင်တဲ့
ခေတ်ဆိုတာရဲ့
အတွေးမညီမျှ တာရယ်
ဂီတာကိုင်သီဆိုဟစ်ချင်တဲ့
ဝါသနာဗီဇ ပိုးကိုသတ်
လူအမြင်မှာသိက္ခာအမှန်ဆယ်
ဖြစ်ချင်သမျှ
လုပ်ခွင့်မရှိတဲ့အရွယ်
တစ်ကယ်ဆို
မငယ်တော့ပေမယ့်လည်း
ဆယ်ကျော်သက်လို
လွတ်လပ်မှု တွေထည့်
နှစ်ဆယ်ကျော် ခံစားမှု ရောယှက်
သုံးဆယ်မှာ
နောက်ပြန်ဆုတ်ချင်တဲ့
အသက်ကို( စိတ်ကို )ခဏ
ရပ်ထားချင်မိတယ်....။
(နေပျော်သလိုနေကြည့်ချင်သေးတယ်)
No comments:
Post a Comment