Tuesday, February 10, 2015

ဆောင်းရက် တစ်ခါ




အအေးပို လေသလား
ဆောင်းသရော်သွားတဲ့
ကိုယ့်ရင်မှာတော့
နွေရာသီ
ပူလောင်ကျွမ်းမြိုက်
သဲဘ၀င်ဆူလှိုက်
နှင်း ကျ ခဲ့သလား
ဆောင်းရာသီ
တစ်နွေဝင်
တစ်ရင်အိုက်
ဆောင်းပျောက်ခဲ့သော
နှင်းရာသီ
ချမ်းခိုက် တုန်
အတွင်းဘက်အဟုန်
နှင်းစက်ကုန်တဲ့
ရင်တစ်စုံဆီ
အအေးမရော
နှင်းမနှော
ကိုယ့်ရင်တွင်းက
အပူဒီဂရီ
ဆောင်းရယ်
နှင်းစက်
ချစ်ရက်မမျှ
တွယ်မက်တမ်းတ
ရင်နွမ်းလျ သည့်
ဆောင်း လရာသီ
နှုတ်ဆက်အဝေး
ချစ် လျက် ပြေး
အပိုင်သိမ်းသွားတဲ့
ဆောင်း ရက် လေးများ

 အအေးပို လေသလား
ဆောင်းသရော်သွားတဲ့
ကိုယ့်ရင်မှာတော့
နွေရာသီ
ပူလောင်ကျွမ်းမြိုက်
သဲဘ၀င်ဆူလှိုက်
နှင်း ကျ ခဲ့သလား
ဆောင်းရာသီ
တစ်နွေဝင်
တစ်ရင်အိုက်
ဆောင်းပျောက်ခဲ့သော
နှင်းရာသီ
ချမ်းခိုက် တုန်
အတွင်းဘက်အဟုန်
နှင်းစက်ကုန်တဲ့
ရင်တစ်စုံဆီ
အအေးမရော
နှင်းမနှော
ကိုယ့်ရင်တွင်းက
အပူဒီဂရီ
ဆောင်းရယ်
နှင်းစက်
ချစ်ရက်မမျှ
တွယ်မက်တမ်းတ
ရင်နွမ်းလျ သည့်
ဆောင်း လရာသီ
နှုတ်ဆက်အဝေး
ချစ် လျက် ပြေး
အပိုင်သိမ်းသွားတဲ့
ဆောင်း ရက် လေးများ

 ယူခဲ့ ကိုယ့် ရင် ဆီ...။

No comments: