Tuesday, February 10, 2015

လ , ရေးသော ညကဗျာ




လ..တစ်ပုဒ်
လ...ကနုတ်တင်
အလွမ်းတစ်ပုဒ်ဖွင့်မယ့်စိတ်ကူး

အရည်ပျော်လ,ရောင်အောက်
ငေးမိ နေတုန်း
ငွေမှင်ရောင်
တိမ်တစ်ဆုပ်ရယ်
မျက်နှာသွေးချို
လ... နံဘေးကိုအသွား
တဒင်္ဂအလင်းမဖြိုက်
ပြိုးကနဲ မိုက်သွား
အတွေးတွေ
ဖမ်းယူဆုပ်
အဝေးကိုဆောင်ယူရှား
လ..သော်တာ
လှောင်ရယ် ပြ လေမှ
လ,တစ်ပြန်ရေးသွားလေတဲ့
ညည့်နက်နက် ကဗျာ
အမှောင်ခင်း
အဆောင်ပြတင်းမှ လူ
လတစ်စင်းပျောက်
ချောင်အတွင်းဝင်မိ မှ
လ,ရေးသော...ညကဗျာ
ခဏတာ သာ

လသာသာ...။


No comments: