Tuesday, February 10, 2015

အဖေ ..အမေ ..မာပါ စေ


မုသားချို တွေ အကြိမ်ကြိမ်မျို ချ
ဖေဖေ စိတ်ချမ်းသာပါစ...ရယ်
မုသားချို တွေ အကြိမ်ကြိမ် မျို ချ
မေမေ တစ်ယောက်စိတ်ချမ်းသာ စေချင်မိတယ်
ဘ၀တစ်ခိုမှာ
ကိုယ်က လေ လူငယ်မို့
အဖန်ဖန်အားကိုတင်း
မျက်ရည်နဲ့စစ်ခင်းသမျှ
မိဘတွေမသိစေချင်
အရိုးပေါ်အရေတင်
ပါးရေတွေတွန့်ကာလိပ်
အမေ့ဇရာမြင်မိမှ
ခံနိုင်ရည်ရှိပါသေးတဲ့
ကိုယ့်လို အရွယ်
အမြင်မှုန်နေတဲ့
အဖေ့ အကြည့်ဝေေ၀
သန်မာဖျတ်လတ်လေတဲ့
ဟိုတစ်ချိ န် ပုံရိပ်တွေက
ကိုယ့်ရဲ့ ခံစားချက်တစ်ချို့ နဲ့
ချိန်ထိုးနှိုင်းယှဉ်ရင်
မဖြစ်စလောက်သာရယ်

 စုန်ရေ မြစ်တစ်စင်း
လှပစွာ စီးဆင်းနိုင်ဖို့
ဆန်ရေ အဖြစ်နဲ့
အပြန်လှန်နားလည်မှုတစ်ခု
ကိုယ့်ရင်မှာဆန္ဒပြု
နေ၀င်ချိန်လှစေဖို့
မြို သိပ်ခြင်းတစ်ချို့ နဲ့
ချောင်ကွယ်မှာ ကြိတ်ငိုနေမိတယ်
တစ်ချိန်မှာ
ဇရာတစ်ခုရဲ့နောက်
ကိုယ်လည်းမကြာလိုက်ပါရမယ် တစ်ခေါက်
အမေအို မျက်ရည်စို မယ့်အစား
အဖေ့ ကို ပြုံးစေချင်စိတ်များ
ဆုတောင်းကာ... ခံနိုင်ရည် မွေးထား
မုသားတွေ ချို မြိန်ပါစေသား....။


No comments: