Tuesday, February 10, 2015

အချစ် ယတြာ



ချ ည်နှောင်ထားစေချင်တဲ့
ရည်ရွယ်သဘောထားတွေလည်း
တစ်ကယ် မရှိခဲ့ပါဘူး ချစ်သူ
နေပျော်ရာ
ရင်ခွင်နန်း မှာ
အချစ်ပလ္လင်
အသစ်တည်ဖို့
နှလုံးသားတစ်စုံ
ထုတ်စတေးဖို့လည်း
ဝန်မလေးခဲ့ ပါဘူးလေ
ကိုယ်ကိုယ်တိုင်
အကျ ဉ်းစံ
ဘ၀ရယ်မို့
အချစ်ဆိုတာ
လွတ်လပ်ရာေ၇ွးချယ်ဖို့
ဘုရားရှင်က
ဖန်ဆင်းပေးထားတာပဲလေ
အာဒံ အေးဝ အချစ် မျိုး
ရိုမီယိုနဲ့ဂျူးလီးယက်ပုံပမာ
တုနှို င်းခိုင်းစရာမလိုအောင်
အချစ် သဘောကျ
အလိုက်ပေး သိတတ်သူပါ
လေနှင်ရာမှာ
အချစ် စစ်တစ်နေရာတွက်
ပျံ သန်း ဖွေ ရှာ ချင်တဲ့
အချစ် ငှက်ငယ် လို
ကိုယ်မင်းကို
အပြစ်မဆိုပါဘူး ချစ်သူ

အချစ်နဲ့အမုန်းဆိုတာ
နှစ်ဦးနှစ်ဖက်လုံးတွက်
ရလဒ်ဆိုးဆိုးတွေပါ
ချစ် သူ ဝေပါ
ကိုယ် ကြွေ ပေးပါ့မယ်
ချစ်သူ ရယ်ပါ
ကိုယ် မြို သိပ်ထားပါ့မယ်
ရေကြည်တစ်မော့
စမ်းတစ်ပေါက်လို
အမောပြေ ယုံသက်သက်
စီးဆင်းခွင့်မရှိခဲ့သူတွက်
မင်းအလိုတွေပြည့်စေဖို့သာ
အချစ်ယတြာ ချေ ဖို့
ကိုယ့်အသဲကို
ထုတ်ယူသွားပါ ချစ်သူ
မင်းစိတ်ကြိုက်
အသုံးချ သွား လိုက်ပါ...
အသုံး ၀င်မယ့် ....
အချစ်ယတြာ အဖြစ်နဲ့ပါ......။

No comments: