Tuesday, February 10, 2015

သူလေ





ခြေရာမထင်သောတစ်နေရာ
ဝေဒနာလို့ကင်ပွန်းမတပ်ချင်ပေမယ့်
သူ လေ...
ဖော့ဖော့လေးဖြတ်လျှောက်သွားခဲ့တယ်
တစ်ခါတစ်ခါ လာပစ်ချသွားတဲ့
နှုတ်ဖျားဖွဲ့လင်္ကာတွေ
မယိုင်ပေမယ့်
မခိုင်ချင်တဲ့စိတ်
သိနေနှင့်သလား
အချစ်မမည်ပေမယ့်လေ
ခမ်းနားစွာ
ရင်ခုန်ခွင့်မရှိတဲ့
ရိုးသားတဲ့
ဥပဒေတစ်ရပ်ကို
တစ်ခန်းမရပ်ခင်
ချ မှတ်ထားပြီးသားပါ
အမည်မပေးပေမယ့်
ရက်မရွေးပဲနာမ်စားတစ်ခုရဲ့အရှင်
ခဏတာဖြစ်ခွင့်ပေးခဲ့တဲ့
သူလေ....
တစ်ရစပ်ဝင်မွှေသရမ်းတဲ့
လေပွေသရမ်းမဟုတ်ပေမယ့်
အကြင်နာလေပြေညင်းတွေ
နော့နော့လေး ကျီ စယ်လှုပ်ခတ်သွားတာ
ကြွေဆင်းဖို့ ခက်
မြေပြင်စောင်းငှဲ့
သစ်ရွက်လေးတစ်ရွက်ရဲ့
မ၀ံ့မရဲ အကြည့်တစ်ချက်ကို
ဂရုပြု မသွားလေ တဲ့
သူလေ..
တတ်နိင်စွမ်းခဲ့ပါတယ်

 လှုပ်မွှေကစားခဲ့ပါတယ်
အတိတ်တစ်ခုထားခဲ့ပါတယ်
ကာရံတွေ .... ရော...
ရယ်သံတွေ .... ရော...
သုံးရာသီ တစ်ပတ်စီ
လှပစွာ လည်ပတ်တည်ရှိစေတာ...ရော....
ဒါပေမယ့်...
ဒါပေမယ့်...
သူလေ.......အခု.....။

No comments: