Tuesday, February 10, 2015

အမုန်းတွေ ရဲ့ အဝေးတစ်နေရာ...သို့



မညီမျှ တဲ့ချစ်ခြင်းတရားများကြား
မောပန်းလှတဲ့အခါ
ငါးရာနှစ်ဆယ့်ရှစ်
အတ္တမြစ်အဖြစ်
စီးဆင်းဝင်ရောက်
ရင်နှောက်ရတဲ့အခါ
အဖေရယ်အမေရယ်
မိသားစုဘဝ
တစ်ခါပြန်မရပေမယ့်
ပြန်တမ်းတမိပါသေးတယ်
ကွဲကွာခြင်း
သို့မဟုတ်
ခွဲခွာခြင်းတစ်ခု
မိသားစုတစ်ခု ကို
အမုန်းတွေစု စေဖို့
ကံကြမ္မာကို
ညွှန်ပြရမလား
ဘုရားအလိုတော်လို့
ကင်ပွန်းတပ်ရအုံးမှာလား
အမေရဲ့အမုန်းဒေါသတွေကြား
အဖေ့ရဲ့ ချစ်သမီး ကျ မ
ဘယ်လိုစခန်းသွားရလေမလဲ
မောင်နှမတွေအလည်မှာ
အဖေ့ကိုချစ်စိတ်တစ်ခုနဲ့
သူရဲကောင်းလုပ်ခဲ့မိတယ်
အားလုံးရဲ့ အမုန်းများနဲ့
လုံးခြာလည်ရင်း

အပြုံးမရတဲ့အခါတွေဆို
''အဖေ ..အားမငယ်နဲ့နော်''လို့
အံကြိတ်ရင်းအားပေး
အမေ့ရဲ့အမုန်းအငြိုးတွေ
ဘယ်တော့ပြေငြိမ်းမှာလဲ
မေတ္တာကြီးမားသလောက်
မေတ္တာငတ်ခဲ့တဲ့ အဖေ
မေတ္တာတွေပေးခဲ့သလောက်
ပိုင်ဆိုင်ခွင့်မရတဲ့ အဖေ
''သမီး...အဖေကို
ချ င်းပြည်ပဲပြန်ခိုင်းပါတော့'' တဲ့...
လွယ်လွယ်နဲ့စကားတစ်ခွန်းက
သမီးရင်ကိုနာကျင်ခဲ့မယ်ဆိုတာ
အမေ သိမှာပါ
အဖေနဲ့အမေရဲ့
အတိတ်မလှတဲ့
အတ္တလွန်ဆွဲပွဲမှာ
မြေစာပင်လေးတွေရဲ့
ကြိတ်ငိုသံတွေ
မကြားယောင်ပြု ခဲ့တာလား
အမေ့ကိုချစ်တဲ့စိတ်

 အဖေ့ကို စာနာတဲ့စိတ်
ဖြူ စင်တဲ့မေတ္တာကြားမှာ
အငြိုးအမုန်းတွေနဲ့
သားသမီးတွေအကုန်
စွဲဆောင်သိမ်းသွင်းခဲ့တဲ့ အမေ
ဘက်မလိုက်တဲ့ကျ မ တစ်ယောက်မှ
အမေ့အမျက် အမုန်းတွေနဲ့
ကူးစက် လောင်မြိုက်လို့
မပျော်ရတဲ့နေ့တွေတိုင်း
အော်..အဖေ့အတွက်ပဲလေလို့
အားတင်းခံယူခဲ့ရတာတွေ
မျက်ရည်ကြားက
ဆုံးဖြတ်ချက်တစ်ခုချ
ဇရာထောင်းလို့
မွေးရပ်လွမ်း
ချွေးသိပ်ပြန်နားဖို့
သမီးဆန္ဒကို စောင့်မျှော်နေရှာတဲ့အဖေ
ဒီတစ်နှစ်တော့
ခိုဝင်ပြန်နား
အဖေ့မွေးရပ်မှာ
ဟန်ဆောင်ပြုံး၇င်း

 သမီး လိုက်ပို့မယ့်ခရီး
အဖေမျက်ရည်မကျ စေဖို့
မျှော်လင့်ဆုတောင်း
အမေ့ အမုန်းတွေရဲ့အဝေးကို
သွားကြပါ စို့ အဖေ
အဖေ့ အသဲနှလုံးတွေချွေ ကျန်ရစ်မယ့်
မြေပြန့် တစ်နေရာ ကနေ ပေါ့......။

 

No comments: