Tuesday, February 10, 2015

တစ်ခု သော ဖေဖော်ဝါရီ



အနေစုတ်ပေမယ့်
ရွှေထုပ်တဲ့မြပုဝါ
ဟန်မလုပ်လေတဲ့
သဏ္ဍာန်အဟုတ်နဲ့
မာန်မထုတ်တတ်သူပါ


စကားအရာ
တုမနှိုင်း
ဆိုတိုင်း ကျိုးရှိ
မဟုတ်မှန်လုပ်ကြံ
တစ်လုံးတစ်ပါဒ
မသုံးပါဘယ်ခါမျှ
ရိုးဖြောင့်တည်ကြည်
စိတ်ထားမြတ်လွန်း သည့်သူပါ


မလွဲမသွေ
ကြုံ လေသမျှ
စာရိတ္တကို
အရောင်မှိန်မကျ
သိက္ခာဂုဏ် လည်း
စောင့်ထိန်းတတ်သူပါ


တိုင်းပြည်နဲ့လူမျိုးတွက်
ဘယ်သူ့မှ မငှဲ့ကွက်
အသက်ကိုစတေး
အမြဲဝန်မလေး
ငယ်စဉ်ခလေးမှ
တွေးထင်စ
သူ့ကျွန်ဘ၀က
လွတ်စေ ခဲ့( ချင် ) သူ ပါ


သာတူညီမျှ
မြတ်စိတ်ထား
အောက်ငယ်သားကြား
လုပ်ဆောင်ဖက်အများ
အချင်းချင်းငှဲ့သနား
ဇာနည်ကောင်းတစ်ယောက်
ပီသ လွန်းသူပါ


စာပေတွေကြား
ညမနား
ကြုံ ရာကျောခင်း
ဝမ်းမဖြည့်တင်းလည်း
ထမင်းတစ်လုပ်
ဒုက္ခတစ်အုပ်
တိုင်းပြည်ကိုယ်စား
စည်းစိမ် ရှား
အမြဲ မနေမနား
ကြုံ သလို ပဲ
နေ , စား တတ်သူပါ


အဘိုးမင်းရောင်
မြေးသား ခေါင်
ဇာနည်သွေးတို့
ယိုစီး စိမ့်သမို့
သွေးသောက်သစ္စာ
ပြု ကတိမှာ
သုံးကျိပ်ရဲဘော်
ဖွဲ့ စေညီဖို့
ဗိုလ်တေဇ လို့
ခေါ်တွင်စေသူပါ


ဖော်ထုတ်ကောင်းသတင်း
ကုန်ဖွယ်မရှိ ခြင်း
လွတ်လပ်ခြင်းတွက့်(လွတ်လပ်ရေးတွက်)
ပေးဆပ်ခြင်း
မြတ်ဗိုလ်ချုပ် ရဲ့
စွန့်လွှတ်ခြင်းတွေပါ


မြို့ ငယ်နတ်မောက်
ခေါင်းဆောင်တစ်ယောက်
ဖွားစေအပ်ပို့
မိခင်မြတ်မို့
တောက်သည့်နေမင်း
မညိုးသည့်ဂုဏ်သတင်း
ပြည်ချစ်ဇာနည်တစ်ပါး
ပေါ်ထွန်းဖွားသည့်
ဒီလို ...ဆောင်းတစ်လ
ဖေဖော်ဝါရီ...။


 ဗိုလ်ချု ပ် မွေးနေ့ ကိုဂုဏ်ပြု  လျက်...

No comments: