Tuesday, February 10, 2015

ရာဇာဖွား သည့် သားကောင်း စနေ




ဆောင်းအကုန်
နွေအကူး
လေရှုးသုတ်ချိန်
ရာသီနွေဦး
မင်းလွင်မြူး
ရွှေရောင်ဝါ၀င်း
အင်ကြင်းဂနိုင်
ကြိုင်သင်းဝေဆာ
မြိုင်တစ်ကြောမှာ
တောပန်းစံပယ်
လေယူယာသွေး
ကြူ ကြူ မွှေး
ကွေးကျစ်လှုပ်လီ
ကသစ်ပန်းနီ
တျာတျာနီမြန်း
ပွင့်သစ်ဆန်း
ဆော်လေရှုးရာ
မြူးရှာကြ သည်
ဆောင်းကျန်ဆောင်းကြွင်း
ဆီးနှင်းပေါက်တို့
တဖြောက်ဖြောက်ကျ
သစ်ရွက်ပေါ် ,ခ
ပုလဲ ကသည့်နှယ်
ဥ , ဆင်းကျ
မြင်ရရှုစဖွယ်
မြူ ခြေအုံဆိုင်း
သွေးလိုက်တိုင်း
မြောက်လေအအေး

 ချမ်းစိမ့်မနွေး
နတ်မောက်ရွာကလေး
ချမ်းချမ်းဆေး
အိပ်မောကျ လျက်ရှိနေသေး
မှောင်မည်းခန်းတွင်း
အိပ်မောကျ
ချောင်းဟန့်သံတစ်ပါး
ချောင်းကပ်သံ ခဏ
လူခြေတိတ် လှ
ဆိတ်ငြိမ်လှသည်
''မောင့်တိုင်းပြည်
ငယ်ဌာနီကွာဝေး
ကြက်ဗဟိုရ်ပြုရတယ်
တောစုရွာ ကျေး''
တောသူတောင်သား
လင်မယားတို့
ချမ်းမြစိမ့်အေး
လုံမနွေး
ခြုံ ထွေးရာဆွဲ
ပျင်းတွဲတွဲဖြင့်
အိပ်ယာမှ, ထ
လင်သူယောက်ျား
ကိုယ်တွယ်ပတ်ရစ်
လက်တစ်ဖက်ဖြင့်
ဆေးပေါ့တစ်လိပ်
ဖွာရှိုက်အသွား
တင်းကုပ်နားဆီ
မယားသည်လည်း

စောင်ကြမ်းလွှမ်းခြုံ
ပါးစပ်တွင်ခဲ
ဆေးလိပ်မြဲလျက်
စပါးကိုချင်
တောင်းပြည့်လျှင်
ခါးစောင်းတင်မြဲ
အိမ်နံဘေးတဲ
မောင်းတင်းကုပ်ဆီ
ရှေးရှုသွားပြီ
ထို တစ်ခဏချင်း
တအိအိပေး
တကျ ည်ကျ ည်ကြွေး
ယာဆီသို့နှင်
ပျင်းရိဖင့်နွဲ့
မောင်းနှင်ထွက်ခွာ
လှည်းသံအိပဲ့
ကြိမ်တို့နှင်လျက်
ယောကျာ်း သခင်
ယာ ,လယ်သို့နှင်
လှည်းသံ ၊ မောင်းသံ ( ဆန်ဖွပ်သောမောင်းထောင်းသံ)
တဖြောင်းဖြောင်းညံ
တည်ငြိမ်ခြင်းအား
ဖြို ခွင်း ပြန်လား
ရွာစွန်း မြောက်ဖက်
ဘုန်းကြီးကျောင်းထက်
ဆည်းလည်းသံသာ
ငြိမ့်ညောင်းပီစွာ
လေဟုန်စီးနှင်

 တူရိယာအသွင်
တချွင်ချွင်ပေး
ကြည်နှုးဖွယ် တေး
ကိုယ်ထူးပျော်စံ
မိတ်နှံမနှော
ဥသြေ၇ွှကိုယ်
ဝေးသီမြင့်မား
ပင်ထက်ဖြားမှ
တောင်လေဟေမာန်
ဂိမာန်နွေသို့
ကူးပြောင်းမည့်ချိန်
ကြော်ဟစ်ကြွေးလား
ကျူးရင့်သံပေး
ဆောင်းအကူး
လေရှုးမှုံကြွ
တပေါင်းလ၏
ဆန်းစ,တစ်ရက်
အာရုဏ်တက်ချိန်
ဘုန်းကျောင်းအနီး
ရှေ့နောက်ပြေး၍
အိမ်ဘေးတစ်ဖက်တစ်ချက်
ဝဲယာဖက်မှာ
ကုက္ကို တန်းစီ
တစ်လမ်းခြာညီ၍
ကျယ်ဝန်းနေရာ
ခြံပတ်လည် မှာ
လေးမျက်နှာဝယ်
လေးသွယ်လမ်းကြီး

 ညာဘယ်ရှေ့နောက်
ဝန်းကာဆီးသည်
ထိုခြံတွင်း မတော့
ကိုင်းခက်စုံအခက်
နှစ်ပင်မန်ကျ ည်း
ပင်ဖွံ့ ထွားစုံ
စောင့်ကြပ်နေပုံ
ရှေ့နောက်တစ်ပင်
မျှ ညီစောင့်မိုး
ရိပ်မိုးလမ်းပေါ်
ပြာညို ရီမှောင်
လရောင်မဲ့သော
ညကောင်းကင်မှာ
ထင်သားပေါ်လွင်
အိမ်ကြီးရှင်၏
တန်းစားမြင့်ပုံ
ချမ်းသာနှိုင်းယုံ
မြင်နိုင်သိငြား
ထိုစဉ်မဝေး
နောက်ဆောင်ခန်းဘေး
မှိတ်တုတ်မှိတ်တုတ်
မီးခွက်ရေနံ
ရောင်ခြည်တန်းလေး
ထရံကြားမှ
ထိုးထွက်အပြင်
အချိန်မတော်လင့်
ထိုအိမ်တွင်းရှိ
ယောကျာ်းမိန်းမ

 ခါတိုင်းမတူ
တမူထူးခြား
များမြောင်အလုပ်မအား
အထင်းသားပေါ်လွင်
ရံဖန်ခါတွင်
အော်ညည်းသံကြား
မိန်းမတစ်ယောက်၏
အသက်လုပွဲလား
စက္ကန့်,မိနစ်
မိနစ်,နာရီ
ကုန်လွန်ခဏ
ငြိမ်ဆိတ်ဝန်းကျင်
ညံစာငိုကြွေး
ပဲ့တင်ရိုက်ခတ်
အိမ်ချင်းနားထပ်
ကောဇာသက္ကရာဇ်
၁၂၇၆
အင်္ဂလိပ်အက္ခရာ
၁၉၁၅
ဖေဖော်ဝါရီလရဲ့
၁၃တစ်ရက်
တိုင်းပြည်လက်ဆောင်
အနာဂါတ်ခေါင်းဆောင်
သားလှတစ်ပါး
မွေးဖွားရာတစ်ည
ဝေးရပ်မြေခြား
တိုင်းတစ်ပါးလယ်

 ဥရောပ၀ယ်
ဆီးနှင်းဖြိုက် ဖြို က်
ဖုံးလျက် ရေခဲ
လွင်တလင်းထဲ
လူလူချင်းသတ်
တိုက်သံခတ်သံ
ပစ်ခတ်သံဖြင့်
တုန်ဟည်းရှိချိန်
`ဌာန သည်မြေ
မြန်ပြည်မြန်မာ
နတ်မောက်ရွာမှာ
ဘေးရန်မခ
အေးမြလှသည်
အမိဒေါ်စု
ဖခင်ဦးဖာ
မွေးလှသားရတနာ
ထွန်းတောက်နက္ခတ်
မှတ်သားတွက်ချက်
ပေရွက်ပေါ်ဝယ်
ကညစ်ဖြင့်မှတ်
ရာဇာဖွားသည့်
သားလှစနေ
ထက်မြက်တုမရှိ
ကြောက်စရာအတိ
ရာဇာဖွားတဲ့သားစနေ
ဘုန်းတန်ခိုးတေဇော
ဥာဏ်စုံပြည့်ငြား
သတို့သားကို

 မာတာမိခင်
ဖွားသန့်စင်သည်
ညီသညာခေါ်
နာမရှိန်ဝင်း
မောင်ထိန်လင်း ...
နောင်တစ်ချိန်
ခေတ်သစ်
တိုင်းပြည်ချစ်မည့်
လွတ်လပ်ရေးတွက်
စွန့်စား ရွတ်ချွံ
တော်လှန်မည့်သူ
ရိုးသားဖြောင့်မတ်
မဟုတ်မခံစိတ်ဓာတ်
သတ္တိတစ်ခွန်
လူရည်ချွန် သည်
ဆောင်ရွက်ထမ်းသမျှ
တိုင်းပြည်တွက်သာ
ပဓာနဟု
ကြင်နာပြည့်ဝ
နှလုံးလှသည့်
ရိုင်းဆင်ဟန်နှော
ပြင်သဘော သာ
သွင်ပြင်မူယာ
ဟန်မပါပွင့်လင်း
ကြည်လင်မနောဟုန်
ချစ်ကြည်ကုန်သည်
သူ့ကျွန်တွင်းမှ
လွတ်ကင်းရန်ပါ့

ကယ်တင် ကြိုးစား
ဇာနည်တစ်ပါး
ထွန်းကာဖွားသည့်
၁၃.ရက်မြတ် ....ဖေဖော်ဝါရီ...။
 

ဗိုလ်ချုပ်အောင်ဆန်း ( အတ္ထု ပ္ပတ္တိ မှ မှီငြမ်း ရေးသည် )

No comments: