Tuesday, February 10, 2015

နေပါ့ မယ်



မပိုင်ဆိုင်ခြင်း
ဆုံးရှုံးခြင်းတွေ
အသုံးမပြု ပါပဲ
ထွက်ခွာသွားကြပါစေ
မနက်ဖြန်ကိုအသက်သွင်း
ရဲရင့်ခြင်းနဲ့
ရှေ့ဆက်နေပါ့မယ်
မပိုင်တဲ့အနာဂါတ်
စီခြယ်မရပေမယ့်
အစီရီထားရှိတဲ့
မျှော်လင့်ချက်တွေနဲ့
လှမ်းဆက်နေပါ့မယ်
ငိုသံနဲ့ကစားဖူးတဲ့
အတိတ်ခရောင်းလမ်း
ကြမ်းတမ်းခဲ့တာလည်း
အာရုဏ်ကိုထိုးဖောက်
ယုံကြည်ချက် ရောင်ခြည်
အလင်းသစ်တွေထည့်
လှပစွာ ထွန်းတောက်နေပါ့မယ်
ဟောင်းနွမ်းစုတ်ပြတ်
ခံစားချက်အပိုင်းစတွေလည်း
တစ်စစီဆုတ်ဖြဲ
အဝေးသို့ရှဲရင်းနဲ့
ရှေ့ဆက် မယ့် စိတ်ကူး

 ရယ်မောခြင်းတွေထည့်
လန်းဆန်းစွာ ရှင်သန်နေပါ့မယ်
ဝင်အလည်လာမယ့်
ဒီ လောကဒဏ်တရား
အဖော်ပေါင်းများဖွဲ့
နောက်ပြန်မလှမ်း တစ်ချက်
ခံနိုင်ရည် နဲ့
ဧည့်ခံကြို ပါ့မယ်
ကံခေသမျှ
ရင်ခုန်သံမလှ
အချစ်ပြန်မရလည်း
မေတ္တာတစ်စုံတစ်ရာကို
အပြုံးလှလှထည့်
နွေးထွေးစွာ
လက်ခံကြို ပါ့မယ်
ဒီနေ့ထိ ရှင်သန်
နောင်မနက်ဖြန်
အနာဂါတ်ဆက်တိုင်
အောင်ပွဲခံဖို့
ကိုယ်စွမ်းရှိသရွေ့
ကြိုးစား နေပါ့မယ်.( ရိုးသား နေပါ့မယ် )....။

No comments: