Tuesday, February 10, 2015

အချစ်ဆုံး ( သို့ ) ချစ် သူ

 

တစ်ဖြူ တ်ဖြုတ်ကြွေလွင့်သွားတဲ့
သစ်ရွက်လေးတွေရယ်
အချစ်နဲ့လွန်ဆွဲကစားတဲ့
လွမ်းရက်လေးတွေရယ်
ဒီရင်မှာလွမ်းတေးမချို
ပန်းကလေးတွေငို မှာစိုးမိတယ်
ရောင်စဉ်ခြယ်သထားတဲ့
ဝေဒနာဆေးပန်းချီတစ်ချပ်ကို
အလွမ်းဆုလာဘ်အဖြစ်
မင်းသတ်မှတ်
မပေးအပ်ပါနဲ့ချစ်သူရယ်
တစ်ကြိမ်တစ်ခါ
အချစ်လေးများ
စိန်ခေါ် ကာအချစ်ကြေးကစားဖို့
ကိုယ့်ဆီမှာ
အကြင်နာထပ်ဆောင်းစရာ
တမင်အပို ရင် နဂိုအတိုင်းမို့
ယုံကြည်ပါ
လေလွင့်ချစ်သူမဟုတ်
ကြွေလွင့်ဖို့
ဝေခွင့် ရှိသူသာ
ခူးစေညွှတ်
ပွင့်ဝေဆွတ်
နွမ်းယုံတစ်ခဏ
အသုံးမချ ဖို့လိုရင်း
ရိုးရိုးလေး တစ်ဆင့်စကား
အချစ်ကြားယုံ သာ

 တမင်သုံးမစားဖို့
အချစ်ဆုံး လို့ ပြောပေး... လှည့်ပါ...။

No comments: