Tuesday, February 10, 2015

နှင်း လက်ဆောင်



ဆောင်းမနက်ခင်း
နှင်းစက်ဆင်းပြန်ပြီ
ချစ်သူ ပစ်ထားတဲ့
ဒီဆောင်းမညှာ
ဟေမာန်နှင်းတွေများ
အသဲမာလေသလား
အေးနေလိုက်ကြတာ
အဖော်ကွာသူတွက်
ရင်မပူရက်အောင်
တမင်နှင်းစက်
ကူ ဆင်းသက်တာလား
ဆောင်းမပျက်ခင်တစ်ခေါက်
နှင်း ရင်ခွင်မခြောက်အောင်
ကြွေ ပေးလေတဲ့
အလွမ်းနှင်းစက်တွေ ပဲလား
ဆောင်းရယ်
အချစ်ရယ်
ဒီနှင်းရယ်က
ကိုယ့်အချစ်တွေမပျယ်စေဖို့လား
ရင်တွင်း အပူကို
နှင်းကူ ချော့လို့
အေးစေတဲ့ ဆောင်း ရယ်
နှင်း ဝေ မပျောက်ခင်
ဆွေးသူ ရဲ့ ကျေးဇူးစကားကို
ဟေမာန်လက်ဆောင်
နှင်းစက်ပြောင်းရင်
ဆောင်ယူသွား
နှောင်တစ်နှစ်
ဟေမာန်မကျ ခင်( ဟေမာန်လ ဆီ) တစ်ခါ....။

No comments: