Tuesday, February 10, 2015

နောင်တစ်နှစ် ဆောင်း.. ဆီ




နှင်းစက်မပျောက်ခင်
ချစ် ရက်တစ်ခါ ရောက်ချင်မိပြီ
အလွမ်းတွေ ထုပ်ပိုး
အချစ်စစ်ရဲ့
ပြညွှန်ရာခရီး
လမ်းမနီးပေမယ့်
လှမ်းကြည့်ယုံမြင်နိုင်ခဲ့
လွမ်းငွေ့အုံ့မှိုင်း
ချစ်မြူ စိုင်းတဲ့
ဟေမာန်ဆောင်းမှာ
ကြင်သူ ပြောင်းမလား
စိုးစိတ်ဗျာပို
တွေးဆွေးမကုန်
ပုလဲ ခို ကျ
နှင်းမစိုရအောင်
မျက်လွှာစုံကြား
ချစ်ပုံရိပ်များ
ထင်ဟတ်စေပါ
နှင်းပြောင်းဆောင်းမစို
ဟေမာန်တစ်နှစ်ကုန်
ကြင်သူမပစ်စေလိုတဲ့
ရွယ်ရည်ဆုတောင်း

  နောင်တစ်နှစ်ဆောင်းဆီ
အကြင်နာ နှင်းတွေ
အစိုင်ခဲပြု
ကိုယ့်အချစ်တွေ ..စု ...ယူသွားပေးပါ...။

No comments: