Tuesday, February 10, 2015

အဆွေး မှို


ငါ့အတွေးတွေ
ရေမဆေးကြာပေါ့
အချိန်ပြည့်
ဒီအလွမ်းတွေထိုင်ကောက်
နှလုံးသားတစ်ဆုပ်
ပြု တ်မကျ အောင်ထိန်းရင်း
ရက်သတ္တတစ်ပတ်ပြီးတစ်ပတ်
ဝါးမြို လာလိုက်တာ
ရင်ခုန်သံတွေ နောက်ကောက်မကျ န်ဖို့
အသဲကို training ပေး
မမောပဲပြေးခဲ့သမျှ
မိုင်တိုင်တွေတောင်
ဆွေးလုပြီ
မှိုတက်ညစ်ပေတဲ့
အချစ်တစ်ခု
လောင်းရိပ်ကျ
အဟောင်းအတိတ်က
ပုံရိပ်တွေ
အလွမ်းဆေးစက်ကျ တိုင်း
အမုန်း ပုံရိပ်တွေထင်ကျန်ဆဲမို့
အချစ်တစ်ခါအလည်ရောက်ရင်
ကိုယ်နောက်တစ်ခါ
ပြန်မချစ်ဖို့
အဆွေးမှိုတွေ
ခြေဖျက်နေဆဲ တစ်ခါ...။


No comments: