လောကရဲ့စည်းစိမ်
ပုပ်ပျက်ခြင်း ပဲတစ်ချိန်
မတည်မြဲခြင်းတွေကြားထဲ
မွှေ့ပျော်နေ ချင်မိ ခဲ့
ဇာတိပကတိသဘောနဲ့
အသက်ရှင်ရက် ဆက်
ကိုယ်လျှောက်လာရာလမ်းထဲ
သွေဖီကာလမ်းလွှဲ
အမှောင်ရဲ့လမ်းမထက်
တွေဝေငေးမော
အဖြေရယ်မတွေ့လေသော
အို... အကျွန်ုပ်ရယ် အပြစ်သား
ရုန်းမရအပြစ်တွေကြား
ညည့်နက်သထက်
လွဲမှားခဲ့ ပြီလား...
အပြစ်ရဲ့ ချုပ်နှောင်မှု မှာ
ဘယ်လိုရုန်းမလဲ
အဖြေတစ်ခုကိုရှာ
ဝန်လေးပင်ပန်းနေ့ရက်တွေကြား
တစ်ပိုဒ်သောကျ မ်းချက်
အသက်ရဲ့ခွန်အား
ဝန်လေးသောသူ
ငါံ့ထံ လာကြ
ငါသည်ချမ်းသာပေးမယ် ဆိုစကား
နှုတ်ကပတ်တော်ရဲ့အလင်းတရား
ကိုယ်တော်သခင်ဘုရား
မိန့် မြွတ်ကြား
လေးသောဝန်ကို
ထမ်းစေ ငြား
ကိုယ်တော်ခြေရင်း
ချ လို့ထား
ပေါ့ပါးခြင်းခဏ
လွှတ်ငြိမ်းရ
ဇာတိသဘောများရှောင်ဖယ်ခွာ
ဝိဥာဉ်သဘောဖြင့်
ရှင်သန် မိသော အခါ.( လွတ်မြောက်ခြင်း ထဲမှာ )...။
No comments:
Post a Comment