Tuesday, February 10, 2015

တောင်ပေါ် သားလေး ..ကျ မ ဖေဖေ



မြေပြန့်မှာ အနေကြာပေမယ့် ၀ဲလွန်းတဲ့စကားသံတွေ ကို နားလည်အောင်ကြိုးစား
နားထောင်နေရတဲ့ အဖေ့ရဲ့ချစ်စရာ့ စကားသံ ၀ဲဝဲလေးတွေ

မောင်နှမတွေထဲမှာ အချစ်ဆုံးဖြစ်ခဲ့ရတဲ့ကျ မ ကို သူစိတ်မချ ဘူးဆိုတာ ၊ စိတ်ပူနေ
မယ်ဆိုတာ စကားသံတွေကနေတစ်ဆင့် ရိပ်မိတဲ့အခါ.....


လူတကာအမြင်နဲ့ကြည့်ရင် သာမာန်ချင်းအဖိုးကြီးတစ်ဦးလို့ မြင်ရပေမယ့် မြင်မိပေမယ့်
ငယ်နုစဉ်အခါက အဖေ့ရဲ့ လုပ်ဆောင်မှု တွေ ၊ အဖေ့ရဲ့ စိတ်ဓာတ်တွေ ကြိုးစားမှု တွေကို
ဘယ်အရာက မှကျ မ ကို မေ့ပျောက်နိုင်အောင် ပြု လုပ်စွမ်းမှာလဲလေ

မိသားစု ၊ ပတ်ဝန်းကျင် ၊တပည့်တပန်းတွေအပေါ်မှာငှဲ့ညှာသနား ၊ ကြင်နာမှုအားကြီး
လွန်းတဲ့ အဖေ့ကို ကျ မ ရင်ထဲကနေ အမြဲ လေးစားဂုဏ်ယူ နေမြဲ ပါ ၊ ကျ မ ပိုင်ဆိုင်
ခွင့်ရခဲ့ပါတယ် အဖေ့ရဲ့စိတ်ဓာတ်တစ်ချို့ တစ်လေကိုပါ ၊ တွေ့ကြုံ သမျှ လူအားလုံး
ကို ခွဲခြားခြင်းတစ်ခုမှ မရှိပဲ မေတ္တာပြု တတ်တဲ့အဖေ...


ဟိုးလွန်ခဲ့တဲ့အတိတ်တစ်နေရာကို ပြန်ပြီးအောက်မေ့မိတဲ့အခါ
အိမ်ပြန်စဉ်အချိန်က အဖေ့ရဲ့ဒဏ်ရာဟောင်းကိုသတိတရနဲ့မေးကြည့်ခဲ့ဖူးပါတယ်
ရုံးပိတ်ရက်တွေတိုင်း လေသေနတ်တစ်လက်ကိုင်လို့ ပဲခိုးရိုးမဖက်ကိုအမဲလည်
တတ်တဲ့အဖေ တစ်ယောက်တစ်ခုသော..တစ်ညနေ... အိမ်အပြန်လမ်းမှာ
ပြောင်ခေါင်းကြီးထမ်းပြီး ပြန်လာခဲ့ပုံကိုမှတ်မိနေပါသေးတယ်


ဘယ်ဖက်ရင်အုံပေါ်ကို ပြောင်ချို နဲ့ခတ်လို့ ဒဏ်ရာရတာနဲ့ဒဏ်ရာကိုရေဆေး
ပတ်တီးစည်းပြီး ချက်ချင်းဆိုသလိုအသေ ရအောင်ပစ်ခဲ့တဲ့ ပြောင်ကြီးကို ရွာသားတွေနဲ့
အမဲဖျက် ပြီး မှ ခေါင်းကြီးပြန်ထမ်းလာသလို ရင်ပတ်ကလည်းဒဏ်ရာရလို့ပတ်တီး
စည်းထားတာကို မိသားစုရှေ့ရောက်တော့ အောင်ပွဲကပြန်လာတဲ့စစ်သူကြီး
တစ်ယောက်လိုသူ အမဲလည်ခဲ့တဲ့အကြောင်း အာပေါင်အာရင်းသန်သန်နဲ့
ပြောပြခဲ့တာကို အမေနဲ့ ပတ်ဝန်းကျ င်ကလူတွေကဖြင့် စုတ်တစ်သပ်သပ်နဲ့ပေါ့

အမဲလည်တိုင်း ပြန်ပါလာတတ်တဲ့တောကောင်သားတွေကို ဝေမျှ ပေးရင်း
မောသမျှ ပြေခဲ့တဲ့အဖေ့ရဲ့ ၀ါသနာနဲ့ သတ္တိရှိမှု တွေကို အခုချိန်ထိ အမှတ်
ရနေမိတုန်းပါ ..ပြောင်ဆိုတာကျွဲတစ်ကောင်နီးပါးရှိတဲ့တောရိုင်းတိရစ္တာန်ပါ

 အမဲလည်တဲ့နေရာမှာ မုဆိုးတစ်ယောက်လိုသန်မာဖျတ်လတ်သလောက်
အနုပညာနှလုံးသားအပြည့်ရှိတဲ့ အဖေဟာ သီချင်းတွေစပ် ၊ ကဗျာ တွေရေး
ပန်းချီဆွဲ...ဂီတာတစ်လက်နဲ့ရုံးဆင်းချိန်တိုင်း သီချင်းသီဆိုနေတတ်တာကို
မြင်ရရင်အဖေဟာမုဆိုးဆိုတာပြောမယုံ ကြုံ မှသိမယ့်
အေးဆေးတည်ငြိမ်လှတဲ့ ဖော်ရွှေပွင့်လင်းလှတဲ့ သနားကြင်နာတတ်တဲ့

 အဖေ့ အမူယာ တွေနဲ့ဆို ဆီနဲ့ရေလို ကွာခြားလွန်းပါတယ်

ဇရာတစ်ခု ကိုအံ့တုလို့မရတော့တဲ့ အချိန် ဟိုးတစ်ချိန်က သန်မာမှုတွေ
ဖျတ်လတ်မှု တွေ ရဲရင့်မှု တွေ တဖြေးဖြေးပျောက်ကွယ်လို့ မှေးမှိန်ဖျော့တော့
နေတဲ့မျက်ဝန်းကနေ အားယူ ပြီး ရဲစိတ်မွေးနေတဲ့ အဖေ ၊ ငယ်ငယ်ကလို
ရင်ခွင်ထဲထည့် ချော့သိပ်ပြီးအိပ်ယာဝင်ပုံပြင်တွေနားထောင်နေတဲ့
လူမမယ်ခလေးတစ်ယောက်လို ပူပင်သောကတွေနဲ့ သူ့ကိုသူ မှ ဂရုမပြု
ကျ မအတွက် စိတ်ပူနေတဲ့အဖေ....


ဟိုးအတိတ်ဆီက တောင်ပေါ်သားချင်း ကောင်လေးတစ်ယောက်
မြင့်မားလွန်းလှတဲ့ဒေါနတောင်တန်းတစ်နေရာကနေ
မြေပြန့်ကို ဆင်းလာပြီး သံယောဇဉ်တွေကြားမှာ လုံးခြာလည်ရင်း
သူ့နှလုံးသားတစ်ခုကို အစွန်းထင်း မပြု ပဲ နဂိုမူလအတိုင်း ချင်း တောင်တန်းက
တောင်ပေါ်သားလေးတစ်ယောက် ရဲ့ ဖြူ စင်ခြင်းတွေနဲ့ပဲ ပြန်လည်
လှည့်ပြန်သွားခဲ့တဲ့ ကျ မရဲ့ဖေဖေ...


 သူ့ရဲ့ စေတနာ တွေ၊ စာနာစိတ်တွေကြောင့် တစ်ချိန်တစ်ခါက
သူကျ ရှုံး ခဲ့ဖူးပါတယ် ၊ ဒါပေမယ့်
သူ့မေတ္တာတွေကတော့ ဒီနေ့ထိ အနိုင်ရနေဆဲပါ..ကျ မ ရဲ့ အပေါ်မှာ
ပြီးတော့သူနဲ့ သက်ဆိုင်သမျှ လူတွေ အားလုံးရဲ့ အပေါ် မှာ ပေါ့....။

No comments: