Tuesday, February 10, 2015

မောင်..ရေ



''နှလုံးသားကြမ်းပြင်
အချစ်တွေနဲ့တိုက်စား
ပွန်းပဲ့ရာ ပရပွ
စွန်းခဲ့ရ ဒဏ်ရာ တွေနဲ့
ကျ မ ဘ၀....''

မောင် ရေ...
အတိတ်ဆိုတာတွေကိုအရှင်လတ်လတ် မြေမြုပ်ပစ်ချင်မှတော့
ကျ မဆိုတဲ့ မိန်းမသားမှာလည်းမပီပြင်တဲ့မာနအရိပ်တွေ က
မောင့်အတ္တတွေနဲ့ တစ်ဖြေးဖြေး အရိပ်ထင်ခဲ့ပြီပဲလေ...


ကျမ အတွက်ကောင်းကင်ကြီး လို အုပ်မိုးပေးခဲ့တဲ့ မောင့်အကြင်နာတွေနဲ့
အေးမြခဲ့တဲ့မေတ္တာတိမ်စိုင်တွေက...နာကျင်ခြင်းငွေ့ရည်ဖွဲ့လို့ .
.ကျ မ ရင်ကို စိုစေဖို့တမင်ရွာစေတဲ့ အမုန်း မိုးတွေအဖြစ်
ပြု ရက်လေသမျှရာနှုန်းပြည့် သွန်း ဖြိုးခဲ့ဖူးပါပြီ
တစ်ဆစ်ဆစ်နာကျင်နေတဲ့နှလုံးသားဒဏ်ရာ...


အချစ်တွေကြောင့် ဂရုမပြု ခဲ့တဲ့ကျ မ...

တွေးမိတိုင်းအောင့်တက်လာတဲ့ ဒီရင် ကို ...တစ်ချက်ဖိမိလိုက်တိုင်း
နာကျ င်မှု တစ်ခုကနေ  ရက်စက်မှု တွေကို သတိပြု မိဖို့ အသက်နဲ့ရင်းနှီးလို့
ပိုင်ဆိုင်တဲ့ရလဒ်တွေဟာ အခုတော့လည်း ဝေဒနာဆိုတဲ့အဖြစ်ဆိုးကြီးတစ်ခုပဲ
ကျမ တွက် အဖတ်တင်ခဲ့ရပြီပေါ့...


ဟန်ဆောင်ကောင်းလွန်းတဲ့အမူယာတွေထဲမှာ ကျ မလို ငတုံးငအတစ်ယောက်က
အယုံလွယ် ပျော်ရွှင်ခဲ့မိတာ တွေဟာ...တစ်ချိန်မှာ အခွံ့ချွတ်အရေလဲမယ့်
မြွေ တစ်ကောင်လို ရော..အဆိပ်တွေ မှုတ်ထုတ်သွားခဲ့တဲ့ ကျ မတစ်သက်စာ
အဆိပ်သင့် လူမမာတစ်ယောက်ပမာ.. မြင်မြင်ရာကိုနာကျ ည်းမှု တွေနဲ့
ခြေရာတိုင်းတတ်လောက်အောင်အယုံမလွယ်မှု တွေ မှာ
ကျ မ တစ်ဖက်ကမ်းခတ် တတ်ကျွမ်းနေခဲ့ပါပြီ

မောင်..တော်ပါတယ်..တတ်လည်းတတ်နိုင်ခဲ့ပါတယ်...

ဝေဒနာတစ်ဆစ်ချိုးလို့.. ကျ မ ရင်တွေ အကောင်းပြန်ဖြစ်လာမယ့်တစ်ချိန်
ကောင်းကင်ကြီးတစ်ခုလို ထည်ဝါမှု တွေ နဲ့ တိမ်စိုင်တွေလို အရောင်ပြောင်းမယ့်
အချ စ်တွေ ကို ကျ မ စက်ဆုပ်မှု တွေနဲ့ ရှောင်ခွာနေမိမှာ သေခြာခဲ့ပြီလေ...

ဝေဒနာကလွဲရင် ကျ န်တာမရှိတော့တဲ့ကျ မရင်ခွင် ကိုအသစ်လဲစရာ အချစ်စစ်တစ်ခါ
တွေ့ရင် ပြန်တမ်းတစရာမလိုတဲ့ အတိတ်တွေ ကိုပေးခဲ့ဖူးတဲ့ သူအဖြစ် ကျ မ
မေ့သွားမှာပါ... မောင်..( မောင့်ကိုလေ ).....မေ့.... သွားခဲ့ နိုင်မှာ..ပါ....။

No comments: