Tuesday, February 10, 2015

မုသား ချို

 

မုသားချို ဆိုတတ်ပါစေ...စကားဆို... မုသားနည်းပါစေ...
မုသားမပါလင်္ကာမချော ဆိုသလို မုသားတွေနဲ့လုံးလည်ခြာလိုက်နေတဲ့လောကကြီးမှာ
ကိုယ်ရိုးသားသလောက် ပြန်လည်မရတဲ့အခါတွေ ၊ ကိုယ်ပေးသလောက်ပြန်မရတဲ့
အခါတွေဆို လောကကြီးတစ်နေရာမှာ ကိုယ့်အတွက် နေစရာပဲမရှိတော့လေသလား...
လူတစ်ချို့  ဆို ဘာမဟုတ်တဲ့အသေးဖွဲကိစ္စလေးမှာတောင်မှ ၀စီပါသလို မုသားသုံးနေ
လိုက်ကြတာ ..


ကိုယ်မတတ်တာကို မတတ်ကြောင်း ၊ မသိတာကိုမသိကြောင်းမဟုတ်တာကိုမဟုတ်ကြောင်း
ပွင့်ပွင့်လင်းလင်းဝန်ခံရမှာကို သေမလောက်ကြောက်တတ်ကြတဲ့ လူ့ဘုံလောကမှာ
တစ်ခါတစ်လေ တွေ့မြင်သမျှ အရာတွေကို ဟာသအမြင်နဲ့ပဲကြည့်မြင်လို့ ဟာသအတွေးပဲ
တွေးလိုက်တာ ကိုယ့်အတွက်တော့ပေါ့ပါးသွားစေတာပါပဲ...

တစ်ချို့ လူတွေဆိုရင်အပြင်ပန်းကိုသိပ်ပြီးဦးစားပေးကြတာတွေ့ရပါတယ် ဟန်ပန်အမူယာ
သိပ်ကို ၀ံ့ထည်လွန်းရင်လူတွေကအထင်ကြီးလေးစားကြပါလေရော ၊ အဲဒီလူပြောသမျှ
ခေါင်းညိတ်ထောက်ခံဖို့က အဆင့်သင့်ပြီးသား ၊ ရိုးရိုးကုတ်ကုတ် စကားမပွင့်တစ်ပွင့်
ပြောတတ်တဲ့သူတွေကိုတော့ သူကဖြင့်ငါ တစ်ပတ်ရိုက်လို့၊ လှိမ့်လို့ရတယ် ၊ ဘာမှ
မသိလောက်ပါဘူး ဆိုပြီး လျော့တွေး..တွေးတတ်ကြပါတယ်...

စိတ်ထားကအရေးကြီးပါတယ်လို့ဘယ်လောက်ပဲပြောကြပါစေ ၊ နောက်ဆုံးတော့
ရုပ်ရဲ့ဖမ်းစားမှု အမူယာရဲ့ လှည့်စားမှု အပြောဆို ပါးနပ်မှုတွေကြောင့်ပဲလူလိမ်မှန်း
မသိ ၊ ဟန်သမားမှန်းနားမလည် အခက်တွေကြုံ ရတာပါပဲ...
လူတိုင်းတော့ဖြူ စင်ရိုးသားချင်ကြမှာပါ ပဲ ၊ လုပ်ယူလို့လည်းရတဲ့အရာပါ
ဓားတွေလိုမသွေးပဲထားရင် တုံးကုန်တတ်သလို လူ့ရဲ့စိတ်ကိုလည်း ပြု ပြင်ယူ
လို့ရတာကို မပြု ပြင်ပဲ ဒီအတိုင်းအညစ်ခံမယ်ဆိုရင်တော့ ရိုးသားမှု ရဲ့အရသာကို
လက်လွှတ်သွားပါလိမ့်မယ် ၊ ခဏတော့ နာကျင်ရတဲ့သဘောသဘာဝတော့ရှိတာ
ပေါ့ ရွှေအတုက ရွှေအစစ်ထက်ပိုပြီးလှပသလို ပါပဲ မရိုးသားမှု ကတော့ ရေတိုတစ်ဖြတ်
မှာ အကျိုးရှိနိင်ပေမယ့် ရေရှည်မှာ ရိုးသားမှုကပဲအောင်ပွဲခံအနိုင်ယူရမြဲပါ

မုသားတစ်ခွန်းဟာ ကိုယ့်အတွက် နစ်နာမှု မဟုတ်ဘူးလို့ယူဆရပေမယ့်
တစ်ဖက်သားတွက် တစ်ဘ၀လည်းဖြစ်သွားနိုင်သလို တစ်သက်နာကျည်းစရာလည်း
ဖြစ်သွားနိုင်ပါတယ်..ကိုယ်ကျင်လည်နေတဲ့ပတ်ဝန်းကျ င်မှာ အနည်းနဲ့အများဆိုသလို
တော့ မုသားတွေ ကိုရောစပ်သုံးနေကြရမှာပါပဲလေ ၊ ဒါပေမယ့် မုသားချို တွေဖြစ်
စေဖို့အရေးကြီးပါတယ် ကိုယ်ပြောချင်ရဲ့သားနဲ့ တစ်ဖက်လူစိတ်ဆင်းရဲမယ့်ကိစ္စ
ဆိုနှစ်ဦးနှစ်ဖက်လုံး ထိခိုက်မှု မရှိနိုင်တဲ့ မုသားမျိုးတွေမှာ
မုသားသုံးပြီး တစ်ဖက်သားကို ကူညီလိုက်ရတဲ့အခါမျိုးတွေလည်းကြုံဖူးကြမှာပါ....

အလိမ်ညာတွေ မရိုးသားမှုတွေဟာ ကိုယ့်ရှုးကိုယ်ပြန်ပတ်
တတ်တဲ့အလေ့ အထ ရှိတာမို့ တတ်နိင်သလောက်ရိုးသားစေချင်ပါတယ်...
လိပ်ပြာသန့်တဲ့ခံစားမှု ဆိုတာ ရယူဖို့ခက်သလို ၊ ဘယ်တော့မှလည်းနောင်တနဲ့ပူပန်နေစရာမလိုအပ်ဘူးလေ...
လူ့ဘ၀ခဏတာမှာ သူတစ်ပါး တွက် အကျိုးရှိစေမယ့်လှပတဲ့မုသားတွေ သာအကျိုးရှိရှိအသုံးပြု ပြီး နေထိုင်သွားမယ်ဆိုရင်....။

No comments: