Tuesday, February 10, 2015

လျှာ



လျှာလေးတစ်ခု
သတိပြု
နှုတ်ဟ ပြောမည့်ခါ
တစ်ပါးသူနား
ချို သကာ ပျား
ဆိုသမျှ
မခါးစေရာ
မျက်ရန်ဒေါသ
ခက်ထန်လှ
နာဖျားနှလုံးသားမှာ
တစ်စုံတစ်ခု
နာကျင်မှု
ရှောင်ကျ ဉ် မပြု သင့်တာ
နှုတ်စကားတစ်ခွန်း
ဖွင့်ဟ ခွန်း
တစ်ပါးသူ နှလုံးမှာ
မျက်မာန်မုန်းပွား
ခက်ထန်အသုံးများ
ပယ်ရှားပစ်လိုက်ပါ
အကြင်နာပေး
ပီယ ဆေး
ရွှင်ကြည်လန်းဖို့သာ

ခွန်းဆင့်ချို
အလျင်းသင့်သလို
နှုတ်ချို , လျှို တစ်ပါးပါ
နှုတ်အသုံးကြောင့်
သူ့အပြုံးရောက်
နှစ်ဖြာသုခ
စဉ်ပြု ကြ
နေ့စဉ်ဓူ ၀ ပါ....။

No comments: