Tuesday, February 10, 2015

စိတ်စေရာ

 
စိတ်ကို စေစား
ေ၀၀ါးခြင်းများစွာ
ဘ၀တစ်ခို
စိတ်အလိုလိုက်
အကြိုက်ဘယ်မတွေ့
အမှားဟူသရွေ့
နေမ၀င်ခင်စီတန်း
အလျှို လျှို လှမ်း
မောဟလမ်းလား
ဒေါသလမ်းလား
အတ္တကိုထမ်း
မောပန်းရက်ဆက်
အော် ..နေမ၀င်ခင်နွမ်း
စိတ်...ရနံ့ပြယ်
အညှီ လှိုက်အုံ
ယင်, မကုန်ခင် လေး
ဆင်ခြင်နွေး
စိတ်လေးသန့်ဖို့
လျှော်ဖွတ် ဆေး
အခု လှမ်းမှာ
ကုသိုလ်ရွာ
မနီး ..မဝေး

 ခပ်အေးအေး
စေတနာလမ်း
မေတ္တာထမ်း
အနစ်နာကြေးထပ်
မုဒိတာအမြတ်ရမယ်
အရှုံးမရှိလမ်းထဲ
သွားစို့အတူ
ဘယ်သူ ရယ်လိုက်
သိချင်လှတယ်..
.။

No comments: