Wednesday, October 1, 2014

ရင် စို မိုး

 
တိတ်တဆိတ်
မဖိတ်ပါပဲ

ရောက်လာပြန်တယ်
နှု နှုတ်ဆက် တေးလား
လမ်းခွဲ စကားလား
မပီပြင် တစ်ညမှာ
အပီပြင် ရွာ ချ သွားတာ

အော်...!
လွမ်း မတိတ် အောင်
လွမ်း စိမ့် စေတဲ့
မိုး နှောင်း မိုး ရယ်
တစ်ခန်းရပ် ဇာတ်ထုတ် ကို
ဇာတ်မနာခင်
သိမ်း ရုပ် လို့
အလွမ်း တစ်ပုဒ် ချ န်ရစ်တာလား

လမ်းခွဲ မိုး
အနမ်း မဲ့ မိုး
တစ်ဖြောက်ဖြောက်
  ကြွေ ထိမှန်
ရင်ထိ အမှန်ရောက်လေ လား

နွေးစို တဲ့ ပါးတစ်ဖက်မှာ
မိုးစက်တွေ
တွဲလွဲ ခိုသွား တာ

ရောယောင်ကာ ရွာချ မိ ပြန်ပေါ့
အကာမဲ့ ရင်ခွင် မှာ
စို .... ကာ.. လေ.... ရွှဲ.....။

No comments: