Wednesday, October 8, 2014

ပေးဆပ်သူ အပြုံး



ဒဏ်ရာတွေ
အရောင်စုံမှ
ကြင်နာမှု
အရောင်ဖျော့နဲ့
လာ ကူမချော့ပါ နဲ့

 တောင်းပန်တယ်
 ဝေဒနာကို
  ကြော်ငာဝင်လို့
ကူရာမမြင်ခင်က
အပို လူ ဖြစ်ခဲ့တဲ့
နင့်ဆီမှာ
  ကျေ နပ်ခြင်းတွေ
ရက်စက်ခြင်းတွေ
စိုးမိုးချယ်လှယ် ခဲ့တာ
လက်ရာမြောက်ခဲ့ပါတယ်
  ပေးသလောက်
  ပြန်ရတဲ့
အချစ် နဲ့ အမုန်း မှာ
နင့်အပြုံး တွေ
  မြန်မြန်ကောက်လို့
အမုန်း အရသာကို
မပွင့်တစ်ပွင့်လေး
ခံစားပေးသွားပါ လား
  တောင်းဆိုသူ
တစ်ယောက်ဆီမှာ
တစ်ချိန်တစ်ခါ က
ဆွံ့အ တဲ့ အပြုံး

နွမ်းလျ တဲ့အမုန်းတွေ
အနှောင့်ယှက်မရှိ
ပိုင်ဆိုင်သူဖြစ်ခဲ့ဖူးတာ
နင်....တစ်ယောက်
အမှတ်ရမယ် ဆိုရင်ပါ....။

No comments: