Saturday, October 11, 2014

အချစ် မဲ့ ငှက်ငယ်




နင်ပျံ ၀ဲ ဖို့
အတောင်တစ်စုံလိုရင်
ငါ့ အ လွမ်း တွေ နဲ့
  လေ ဟုန်ဆန်လိုက်ပါ
နင် စွန့်ခွာဖို့
တွန်းကန်အားလိုရင်
ငါ့အ ချစ်တွေကို
နင်းချေ ပစ်ပယ် သွားပါ
နင် အသစ်ရှာလို့
ငါ့ အပြစ်ပါရင်
အပြုံးတစ်နေရာစာ
သီးသန့်ဖယ်ခွာ လို့
အမုန်းအတု ကို
ထုတ် ယူ သယ်သွားပါ
နင်ကျေ နပ်ဖို့
  ပျောက်ကွယ် စေလို ရင်
ငါ့ အသဲ တစ်နေရာကို
ဥပေက္ခာလက်နက်နဲ့
ခပ် နက်နက်လေး ထိုးစိုက်သွားပေးပါ...
  လှောင်ချို င့် တစ်နေရာ
ငါ့ရင် နှစ်မွှာ လို့
သတ်မှတ်စွတ်စွဲ
လွတ်ထွက်ပြေးချင်တဲ့

အချစ် မဲ့ငှက်ငယ်
လေဟုန် ဆန်တက်
  လေ ဆန် ပျံ ခက်
အတောင်မညောင်းခင်တစ်ချက်
  မေး စမ်း ကြည့်ချင် ရဲ့
  နေရာရင်ခွင်ဟောင်းကို မှ
သတိတရ ရှိပါ စ ရယ်....။

No comments: